အပိုင်း (၉) သနားဂရုဏာ

924 95 0
                                        

အပိုင်း (၉) သနားဂရုဏာ

နောက်တစ်ရက်မှာ နေတောင်မထွက်သေးဘူး၊ လင်းဟောက်ချင်း မြေအောက်အကျဉ်းထောင်သို့ ရောက်ရှိနေပြီဖြစ်သည်။

ကျောင်းရန်ရဲ့ဒဏ်ရာတွေကုသပေးထားတဲ့အကြောင်းနဲ့ပတ်သက်ပြီး ဘာတစ်ခွန်းမှဟမလာဘူး၊ စစ်ဆေးမေးမြန်းရေး ပြန်လည်စတင်ဖို့အတွက် မိစ္ဆာကိုယခင်အတိုင်း ပြန်ချိတ်ဆွဲထားဖို့သာ မိန့်မှာလာခဲ့သည်။ အဖြေမရတဲ့မေးခွန်းတိုင်းအတွက် မိုးကြိုးသွားတစ်ချက်စီပေါ့။

ဒါက မိစ္ဆာသွန်သင်ရေးမှာ အခြေခံနည်းလမ်းတစ်ခုပဲဖြစ်သည်။ ထိုဗျူဟာက မိစ္ဆာရဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာခုခံနိုင်မှု ပျက်သုန်းသွားတဲ့အချိန်ထိ ခန္ဓာကိုယ်ပိုင်းဆိုင်ရာဖိစီးမှု လုပ်ဆောင်ရန် ဖြစ်ပြီး မိစ္ဆာဟာ သူ့ရဲ့မိစ္ဆာဆရာနှင့် ပူးပေါင်းဆောင်ရွက်လာလိမ့်မယ်။ ထို့နောက် စေခိုင်းတဲ့အပြုအမူလုပ်ပြရင် ချီးမြှင့်ခံရမယ်၊ ဒီလိုနဲ့ အချိန်ကြာလာတော့ မိစ္ဆာဟာ အလေ့အကျင့်တစ်ခုအနေနဲ့ နာခံလာလိမ့်မယ်။

သေဆုံးရပါစေ အလျှော့ပေးဖို့ငြင်းဆန်ကြတဲ့ ခေါင်းမာလှသောမိစ္ဆာတစ်ချို့လည်းရှိနေသေးတာ အမှန်ပဲပေါ့။ သို့သော် ဒီလိုမျိုးလုံးဝကိုကွဲပြားခြားနားတဲ့အသွင်နဲ့ ကျောင်းရန်တစ်ကောင်ကိုတော့ တစ်ခါမှမတွေ့ဖူးကြဘူး။

သူ့ရဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာတုံ့ပြန်မှုတွေကို ထိန်းချုပ်ထားနိုင်သလိုမျိုး မိုးကြိုးသွားရိုက်ချက်တွေကိုတောင်မှ တစ်စက်လေးမှတုံ့ပြန်မလာခဲ့ဘူး။ သူ့ရဲ့မျက်လုံးတစ်စုံကိုပိတ်ကာ ခေါင်းငိုက်စိုက်ကျလျက်ပဲ ထိုနေရာမှာ တိတ်ဆိတ်ငြိမ်သက်စွာ ချိတ်ဆွဲခံနေ၏။

သူ့ခန္ဓာကိုယ်ရဲ့ဘယ်အစိတ်အပိုင်းက မိုးကြိုးသွားကို ပိုပြီးအထိမခံဖြစ်လဲဆိုတာ သူတို့မသိကြသေးတာမို့ သူ့ကို ပစ်မှတ်ထားပျက်စီးစေနိုင်စွမ်းမရှိခဲ့ကြဘူး။

လင်းဟောက်ချင်းဟာ တစ်နေ့တာလုံး သူ့အပေါ်အချိန်ဖြုန်းခဲ့ပေမဲ့ ဘာတစ်ခုမှတိုးတက်လာတာ မရှိခဲ့ဘူး။ မနေ့ကအတိုင်းတစ်ပုံစံတည်းပဲ ကျီယွင်ဟယ် မွန်းတည့်ချိန်မှ ရောက်လာခဲ့တယ်။

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now