အပိုင်း (၈၄) ဖြတ်သွားဖြတ်လာပါ

545 46 0
                                        

အပိုင်း (၈၄) ဖြတ်သွားဖြတ်လာပါ

အားကျီအောက်က ရေခဲလွှာဟာ အက်ကွဲပွင့်ဟသွား၏။

ထိုအသံကြောင့် သူမ အသိပြန်ကပ်လာခဲ့သည်။

အန္တရာယ်! သူမ ဒီမှာမနေသင့်တော့ဘူး။

ရေခဲလွှာကြီး ပီပီပြင်ပြင်ကွဲအက်မသွားသေးခင် အားကျီ ရေခဲလွှာကိုလက်နဲ့ တွန်းထုတ်ပြီး ခြေစုံကန်ကာ လေထဲသို့ခုန်ဝင်ပစ်လိုက်သည်။ ထူးဆန်းစွာအိပ်ပျော်နေတဲ့သူနဲ့အတူ ထူးခြားလှတဲ့ဒီရေခဲကွင်းပြင်ကြီးထဲကနေ  သူမ ထွက်သွားရမယ်။ သို့သော် သူမ အလှမ်းဝေးဝေးမရောက်သေးခင်မှာ သူမ၏ဘေးပတ်လည်မှာရှိတဲ့ ရေခဲနဲ့နှင်းတွေက ချိန်းကြိုးတစ်ကြိုးအသွင်ပြောင်းလဲသွားပြီး၊ သူမ၏လက်ကောက်ဝတ်ကို ရစ်ပတ်လာလေသည်။ ထိုထိတွေ့မှုလေးနဲ့တင် ဒီလူကိုရင်ဆိုင်ဖို့ အမြီး၃ချောင်းတောင် မလုံလောက်မှန်း သူမ သိရှိသွားခဲ့သည်…

ချိန်းကြိုးဟာ သူမ၏လက်ကောက်ဝတ်ပေါ်မှာ ချိတ်ပြီး သူမကို အောက်သို့ဆောင့်ဆွဲလေတော့သည်။

အားကျီ ရုန်းကန်လို့မရခဲ့ဘူး။ သူမ ရေခဲကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာလိမ့်ကျသွားပြီး၊ သူမတို့ပတ်ချာလည်မှာ မြူခိုးတွေနဲ့ နှင်းမှုန်ထုကြီးတစ်ခု ဝှေ့တက်လာခဲ့သည်။

လေအေးတွေနဲ့ နှင်းမှုန်တွေက သူမကို မွန်းကြပ်သွားစေခဲ့တာမို့ သူမ ချောင်းတွေဆိုးလာခဲ့တယ်။ ကျိုးပဲ့နေတဲ့ ရေခဲလွှာပေါ် သူမ လိမ့်ကျသွားခဲ့တာမို့ ရေခဲချွန်တွေက သူမ၏အရည်ပြားကိုခြစ်လို့သွားကာ များစွာသောအစင်းရာတွေ ကျန်ရစ်ခဲ့တော့သည်။

“အားကျီ!” ကျီနင်တစ်ယောက် စိုးရိမ်တကြီး လှမ်းအော်ခေါ်လေသည်။

ဘယ်လိုပဲဖြစ်ဖြစ် အားကျီ သူ့ကို ပြန်မဖြေနိုင်သေးဘူး။ နှင်းတွေနဲ့ မြူတွေကြားမှာ သူမ ဖြည်းဖြည်းချင်း ထရပ်ပြီး ဘေးပတ်လည်ကိုစောင့်ကြည့်လိုက်တယ်…

ယခုချိန်မှာ ရေခဲထုလွှာကြီးဟာ လုံးဝကျေမွသွားပြီး ထိုရေခဲလွှာအောက်ကလူဟာလည်း ပျောက်ကွယ်သွားခဲ့သည်။ သူမ သူ့ရဲ့အရိပ်အယောင်ကို သတိထားစောင့်ကြည့်နေလိုက်သည်။ သူက အရမ်းကိုစွမ်းအားကြီးတာပဲ… သာမာန်ရိုက်ချက်လေးတစ်ချက်တည်းနဲ့တင် သူမကို ဒီလောက်နာကျင်အောင် လုပ်နိုင်ခဲ့တာ၊ နောက်ပြီး သူမကတော့ သူ့ရဲ့မျက်နှာကိုတောင် မမြင်ရဘူး…

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now