အပိုင်း (၁၁၅) သူငယ်ချင်းကောင်းတွေ
မြောက်ပိုင်းဟာ နေ့သစ်အတွက် ယခင်အတိုင်း အလုပ်များလျက်ရှိသည်။
ကျီယွင်ဟယ် တံခါးကနေထွက်လိုက်တယ်။ သူမမှာ အမြီး၉ချောင်းမြေခွေးမိစ္ဆာအစွမ်းရှိပြီး သာမာန်လူတွေထက် ပိုပြီးနွေးထွေးလှတယ်ဆိုရင်တောင်မှ နေရောင်အောက်က သူမ၏ခန္ဓာကိုယ်ပေါ်မှာ အအေးဓာတ်လေး ဖင့်နွှဲနေဆဲဖြစ်သည်။
ကျီယွင်ဟယ် နေရောင်ထဲမှာ ခဏလောက်ရပ်ပြီး အေးစိမ့်တဲ့လေပြေလေးတွေ ပျောက်ကွယ်သွားဖို့ စောင့်စားလိုက်သည်၊ ထို့နောက် သူမ ဦးခေါင်းကိုမော့ပြီး အသက်ပြင်းပြင်းတစ်ချက် ရှိုက်ရှုလိုက်တယ်။ သူမ ပင်မခန်းမဆောင်ကြီးဆီ ဦးတည်လျှောက်သွားမိ၏။
မိစ္ဆာပွဲကြည့်စင်တစ်ခုလုံးဟာ အေးစက်ပြီး လူသူကင်းမဲ့သွားသလို ခံစားလိုက်ရသည်။
သူမ ပင်မခန်းမဆောင်ကိုရောက်သွားတဲ့အချိန်မှာ ခုန်းမင်ကိုသတင်းလာပို့ကြတဲ့ လူတွေအများကြီး ရှိနေနှင့်ပြီ။ မနက်ခင်း အရမ်းနောက်ကျနေတာတောင်မှ ဘယ်သူကမှ ချန်ယီကို ဘာလို့လိုက်မရှာကြမှန်း အခုမှ ကျီယွင်ဟယ် သဘောပေါက်သွား၏။ ဒီအမြီးကြီးနဲ့ငါးက ကြိုတင်စီမံမှုတွေ လုပ်ခဲ့ပြီးသားလေ။
သူ့ရဲ့အာဏာကို လွှဲပြောင်းပေးလိုက်တာ အတော်ကြာပြီမို့ သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတဲ့အချိန်မှာ ဘယ်လိုပဲဖြစ်ဖြစ် ရုံးကိစ္စတွေကိုဆက်လက်ဆောင်ရွက်နိုင်လိမ့်မယ်။
ကျီယွင်ဟယ် မျက်လွှာချပြီး လည်ပင်းပေါ်ကပုလဲလုံးကို စမ်းမိသွား၏။ သူမ ဘယ်လိုခံစားရမလဲ မသိတော့ဘူး။
သူတို့ရဲ့လက်ရှိအလုပ်ကိစ္စတွေ ပြီးစီးသွားတဲ့အချိန်ထိ သူမ စောင့်စားပြီးမှ အပေါ်သို့ လျှောက်လှမ်းသွားလိုက်သည်။ “ခုန်းမင် ကျွန်မ ရှင့်ကို ခဏလောက် ကြားဖြတ်ပြောဖို့လိုမယ်”
သူ ကျီယွင်ဟယ်၏တည်ငြိမ်လှတဲ့မျက်နှာကို တစ်ချက်မျှကြည့်ပြီး သူ့ရဲ့မျက်နှာအမူအယာဟာလည်း မည်းမှောင်သွားတော့သည်။ “သူ ဘာဖြစ်သွားတာလဲ?”
YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
FantasyThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...