အပိုင်း (၇၄) ဖမ်းမိပြီ
နောက်တစ်နေ့ မနက်ခင်းမှာ လော့ကျင်းစန်းတစ်ယောက် ချင်းကျီကို သူမနဲ့အတူဝိုင်သောက်ရန် တောင်ပိုင်းဆီသို့ ပျံသန်းဖို့သဘောမတူမချင်း ချင်းကျီကို နားပူနားဆာလုပ်လိုက်တော့သည်။ အရာအားလုံးက အစီအစဉ်အတိုင်း ဖြစ်သွားခဲ့တယ်။
ထွက်မသွားခင် ချန်ယီတစ်ယောက် သူ့ရဲ့ကျောင်းကျူကိုထုတ်ယူဖို့ ရောက်လာခဲ့တယ်။
နေထွက်လို့နေပြီ၊ ကျီယွင်ဟယ်ကတော့ နိုးနေဆဲဖြစ်ပြီး လက်ဖက်ရည်စားပွဲသေးလေးမှာ ထိုင်နေခဲ့သည်။
ပုံမှန်ဝတ်ရုံနက်လေးနဲ့ သူမရဲ့ရှေ့မှာ ရပ်နေတဲ့သူ့ကို သူမ လှမ်းကြည့်မိ၏။
လေပြေလေးက ငြိမ်သက်လို့နေပြီး သူမတို့မျက်လုံးလေးတွေ ရောယှက်သွားကာ၊ အချင်းချင်း၏အသက်ရှုသံကို ခံစားမိလိုက်၏။
သူ ခေါင်းလေးငုံ့လာတဲ့အချိန်မှာ သူမ နောက်သို့ အလိုလိုပြန်ဆုတ်မိသွား၏။
သူမရဲ့လှုပ်ရှားမှုက သေးငယ်လှတယ်ဆိုသော်ငြားလည်း သူ့အတွက်တော့ အရမ်းကိုထင်ရှားလို့နေသည်။ ချန်ယီ ခဏလောက်ရပ်တန့်သွားတယ်။ ထို့နောက် သူ့ရဲ့စိတ်ကို ဒုံးဒုံးချပစ်လိုက်သလိုမျိုး လက်လေးတစ်ဖက် မြှောက်လာခဲ့သည်။ သူ့ရဲ့လက်ချောင်းလေးတွေဟာ ကျီယွင်ဟယ်၏ပါးပြင်ကို ပွတ်သပ်သွားပြီး သူမရဲ့ဆံနွယ်တွေကြားထဲ ပြေးဝင်သွားကာ သူမ၏ဂုတ်ပိုးမှာ ရပ်တန့်သွား၏။
သူ့ရဲ့လက်ဖဝါးလေးဟာ သူမ နောက်သို့ပြန်မဆုတ်နိုင်အောင် ထိန်းထားရုံမျှသာဖြစ်သည်။
ချန်ယီ မျက်လုံးလေးတွေကိုမှိတ်လိုက်တော့ သူ့ရဲ့မျက်တောင်ရှည်တွေအောက်မှာ ရေခဲတမျှအေးစက်တဲ့ မျက်လုံးပြာလေးတွေ ပျောက်ကွယ်သွား၏။ သူ ခေါင်းကိုငုံ့ပြီး သူ့ရဲ့နှုတ်ခမ်းသားလေးတွေကို သူမ၏နှုတ်ခမ်းသားလေးတွေဆီ ဖိကပ်ပစ်လိုက်တယ်။
ကျီယွင်ဟယ် မျက်လုံးတွေကိုမှိတ်မထားခဲ့ဘူး။ သူမ တောင့်တောင့်ကြီးဖြစ်နေပေမဲ့ ထိုအနမ်းကို ရှင်းရှင်းလင်းလင်းကြီး ခံစားမိနေ၏။ ဒါက ပထမအနမ်းလိုမျိုး ရုတ်ချည်းဖြစ်ပြီးအပျော်သက်သက်မဟုတ်သလို ဒုတိယအနမ်းလိုမျိုး ပြင်းထန်ပြီးထိပ်တိုက်ရင်ဆိုင်ရသလိုမျိုး မဟုတ်ခဲ့ဘူး။ ဒီအနမ်းက နူးညံ့ညင်သာပြီး သိမ်မွေ့လွန်းတယ်။
YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
FantasyThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...