အပိုင်း (၇၁) အဲ့ဒါက မင်းပဲ...

550 58 0
                                    

အပိုင်း (၇၁) အဲ့ဒါက မင်းပဲ…

“ကျွန်မ မလိုချင်ဘူး!” ကျီယွင်ဟယ် ဒေါသထွက်ထွက်ဖြင့် အော်ပစ်ပြီး ချန်ယီ၏လက်ကို ရိုက်ချပစ်လိုက်တယ်၊ ထို့နောက် သူမ ကျောင်းကျူကို အန်ထုတ်ဖို့ကြိုးစားတော့သည်။

သို့သော် ခဏအတွင်းမှာပဲ ချန်ယီတစ်ယောက် သူမရဲ့ပါးစပ်ကိုအုပ်ပြီး သူမကို အောက်သို့လှဲချပစ်ခဲ့သည်။

သူ့ရဲ့မျက်လုံးတွေဟာ နက်မှောင်ပြီး ယောက်ယက်ခတ်လှုပ်ရှားနေ၏။ “ငါ မင်းကိုရွေးချယ်ခွင့်မပေးဘူး”

“မင်းက သူမကိုရွေးချယ်ခွင့်မပေးတာလား၊ ဒါမှမဟုတ် ငါ့ကို ရွေးချယ်ခွင့်မပေးတာလား? နောက်ပြီး မင်းက မြောက်ပိုင်းကိုခိုလှုံဖို့ရောက်ရှိလာတဲ့လူတွေအားလုံးကိုရော ရွေးချယ်ခွင့်မပေးဘူးလား?” ဘုန်းကြီးတစ်ပါး ဒေါသတွေထွက်လွန်းလို့ ချန်ယီရဲ့နောက်ကျောကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ကျိန်ဆဲတော့သည်။ “မိန်းမတစ်ယောက်အပေါ် အချိန်ဖြုန်းချင်တယ်ဆိုလည်း ထားလိုက်ပါတော့! ဒါပေမဲ့ မင်းရဲ့ကျောင်းကျူကိုလည်း ဘာလို့ထုတ်ပေးရတာလဲ? အခုချိန် ဆရာတော်ကြီးက မင်းကို အလစ်ဝင်တိုက်လာမယ်ဆိုရင် ဘာတွေဆက်ဖြစ်မလဲ? မြောက်ပိုင်းရဲ့လေတွေ နှင်းတွေက သူ့ကိုကာဆီးထားမယ်လို့ မင်းမျှော်လင့်နေတာလား?”

“ဆွန်းသဲ ပြန်သက်သာမလာမချင်း ဆရာတော်ကြီး လာမှာမဟုတ်ဘူး”

“အဲ့ဘိုးတော်ရဲ့စိတ်သဘောက မင်းထက်ပိုပြီးအများကြီးကောင်းတယ်! နောက်ပြီး မင်းက ဘာလို့ဒီလောက် သေချာနေရတာလဲ!?” ဘုန်းကြီး ဆက်လက်ဟစ်အော်ပြောခဲ့ပေမဲ့ ချန်ယီတစ်ယောက် ကျီယွင်ဟယ့်ကို လွှတ်ပေးမယ့်ရည်ရွယ်ချက်မရှိမှန်း တွေ့လိုက်ရတဲ့အချိန်မှာ သူ “ကောင်းပြီ”လို့ သုံးကြိမ်တိတိ ပြောဆိုခဲ့လိုက်သည်။ “မင်းက အခုသခင်တစ်ပါးဖြစ်သွားပြီပဲ! ငါ မင်းကိုဆက်ပြီးကူညီမပေးနိုင်တော့ဘူး၊ မင်း ဆန္ဒရှိတဲ့အတိုင်းသာ ဆက်လုပ်တော့!”

ထို့နောက် ဘုန်းကြီး ကြမ်းပြင်ပေါ်က အပ်အိတ်ကိုကောက်ယူပြီး အပြင်သို့ဒေါသမောဖြင့်ထွက်သွားတော့သည်။

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now