အပိုင်း (၁၀၉) ဟက်ထိခြင်း
မြောက်ပိုင်း၏တောင်ဘက်နယ်စပ်ဟာ မိစ္ဆာပွဲကြည့်စင်နဲ့ အရမ်းကိုနီးကပ်ခဲ့ဖူးသည်။
သို့သော် မိစ္ဆာဆရာမျိုးနွယ်စု၏မြောက်ပိုင်းနဲ့ပူးပေါင်းဆောင်ရွက်မှုပြီးနောက် မြောက်ပိုင်းဟာ သူ့ရဲ့နယ်စပ်ကို တောင်ဘက် နောက်ထပ်မိုင်၁၀၀ထိ တွန်းပို့ချဲ့ခဲ့ရသည်။ ရုံးတော်ဟာ သူတို့ရဲ့ကျူးကျော်မှုကို မတားဆီးနိုင်ခဲ့ဘူး၊ နောက်ပြီး လမ်းတစ်လျှောက်ကပြည်သူပြည်သားတွေဟာလည်း သူတို့ကို လက်ခံကြိုဆိုခဲ့ကြသည်။
အဲ့ဒီနောက်မှာ မြောက်ပိုင်းဟာ အရှေ့ကနေ အနောက်ထိ အညီအညာနေရာခွဲခြားထားတဲ့ ဂိတ်စုစုပေါင်း ၁၂ဂိတ်နဲ့အတူ အစောင့်အကြပ်ထူထပ်တဲ့မြို့ရိုးကြီးတစ်ခုကို တည်ဆောက်ခဲ့တယ်။ ဒါကို ရန်သူတိုက်ခိုက်မှုတွေကိုခုခံမယ့် ပထမဆုံးကာကွယ်ရေးလိုင်းအဖြစ် သတ်မှတ်ခဲ့ကြသည်။
မထင်မှတ်ဘဲ ထိုမြို့ရိုးကြီး၏ပထမဆုံးအသုံးချမှုက မြို့တော်ထဲ ဒုက္ခသည်တွေအစုလိုက်အပုံလိုက် ဝင်ရောက်လာခြင်းမှ ခုခံရန်ဖြစ်သွားခဲ့သည်။
ဆွန်းသဲက သူမရဲ့အကိုကိုသတ်ကာ သူမကိုယ်သူမ ဧကရာဇ်အဖြစ်ခံယူလိုက်တယ်၊ ရုံးတော်ဟာလည်း ဗရိုဗရဲဖြစ်သွားတော့သည်။ ယခုချိန်မှာ တိုင်းပြည်ဟာ ကြီးနိုင်ငယ်ညှဉ်းလုပ်မှုတွေနဲ့ လူတိုင်းက ကိုယ့်အတွက်ကိုယ်ပဲ ကြည့်ကြတဲ့ဗရမ်းဗတာနေရာကြီး ဖြစ်သွားခဲ့ပြီ။ သချန်ရဲ့ကြီးကျယ်ခမ်းနားလှတဲ့ နိုင်ငံတော်ကြီးအတွင်းမှာ လူသူကင်းမဲ့တဲ့မြောက်ပိုင်းတစ်ခုတည်းသည်သာ သာမာန်ပြည်သူတွေအတွက် လွတ်ငြိမ်းချမ်းသာရာနေရာဖြစ်လာခဲ့သည်။
ကျီယွင်ဟယ် အရှေ့ဘက်အစွန်ဆုံးဂိတ်ဆီ သူမ၏အဖွဲ့သားတွေကိုခေါ်ဆောင်သွားလိုက်သည်။ ဒီနေရာက ဒုက္ခသည်တွေအစုဝေးဆုံးနေရာဖြစ်တယ်၊ ဒါကြောင့် လူတွေကိုခွဲခြားပြီး ရုန်းရင်းဆန်ခတ်မှုတွေကို တားဆီးဖို့အတွက် နယ်နိမိတ်ချိတ်စည်းချဖို့က ပထမဦးစားပေးဖြစ်သည်။
နယ်စပ်ကအခြေအနေတွေက ကျီယွင်ဟယ် မျှော်မှန်းထားတာတွေထက်တောင် ပိုပြီးဆိုးဝါးနေခဲ့သည်။
YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
ФэнтезиThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...
