အပိုင်း (၆၈) အတိတ်ကနှင်းတော
ကျီယွင်ဟယ် သူတို့နှစ်ယောက်ကို လက်ဖက်ရည်စားပွဲငယ်လေးမှာထိုင်ဖို့ ဖိတ်ခေါ်လိုက်တယ်။
ချင်းကျီကတော့ သူမရဲ့စားပွဲပေါ်ကဖယောင်းတိုင်လေးတွေကို စူးစမ်းသိချင်စိတ်နဲ့ လေ့လာကြည့်ရှုလို့နေတုန်း လော့ကျင်းစန်းရဲ့စကားလုံးတွေက မိုးတွေပမာ ဆင်းသက်လာခဲ့သည်။
သူမက ယုယထွေးပိုက်တဲ့မိခင်ကြီးပမာ ကျီယွင်ဟယ်ရဲ့လက်ကိုပွတ်သပ်ပြီး မကြာခင်မှာပဲ နောက်တစ်ခေါက် ငိုကြွေးလာပြန်သည်။ သူမ ကျီယွင်ဟယ့်ကိုတွေ့ဆုံဖို့ ကျော်ဖြတ်လာရတဲ့အခက်အခဲတွေ၊ အတားအဆီးတွေအကြောင်း ငိုကြွေးပြောလာ၏။
“နင် ဒီနေရာမှာပိတ်လှောင်ခံထားရတယ်လို့ ငါကြားသိကတည်းက နင်နဲ့တွေ့ရဖို့ ကြိုးစားနေခဲ့တာ…” လော့ကျင်းစန်းဟာ ကြိမ်ဖန်များစွာ ရှိုက်ငိုပြီး ခန်းဆီးလိုက်ကာဆီသို့ ခေါင်းလေးလှည့်ကြည့်ကာ ကျီယွင်ဟယ့်နားထဲ တိုးတိုးလေးပြောပြလိုက်တယ်။
“ငါ ပိုက်ဆံတွေအများကြီးသုံးပြီး လူတွေကိုလာဘ်ထိုးဖို့ကြိုးစားခဲ့တယ်၊ နောက်ပြီး အတင်းအဓမ္မ ဝင်ရောက်ဖို့လည်း ကြိုးစားခဲ့တယ်၊ ဒါပေမဲ့ အဲ့ဒါတွေအားလုံး မအောင်မြင်ခဲ့ဘူး၊ နောက်တော့ အဲ့ဒီဂတုံးကောင် ရောက်လာပြီး နင်က သေတော့မှာမို့ ငါ့ရဲ့ခွန်အားတွေကိုမဖြုန်းဖို့ပြောတယ်၊ ငါ အရမ်းဒေါသထွက်သွားပြီး သူ့ကိုရိုက်နှက်ပစ်လိုက်တယ်၊ နောက်တော့ ငါ သူမ(ချင်းကျီ)ဆီကို အကူအညီတောင်းဖို့ထွက်သွားခဲ့တာ…” လော့ကျင်းစန်းဟာ ဖယောင်းတိုင်တွေနဲ့ဆော့ကစားနေဆဲဖြစ်တဲ့ချင်းကျီကို ရိုင်းရိုင်းစိုင်းစိုင်း လက်ညှိုးညွှန်ပြ၏။ “သူကလည်း ငရဲလိုပဲ ဘာမှအသုံးမဝင်ဘူးပဲ! ဘာကျောက်စိမ်းဖီးနစ်ဌက်ကြီးတော်လှန်ရေးလဲ?! ကျောက်စိမ်းဖီးနစ်ဌက်ကြီးကဖြင့်! တစ်စက်လေးမှအသုံးမဝင်ပဲကို!”
ချင်းကျီတစ်ယောက် ဖော်ရွေမှုလေးနဲ့ ခေါင်းလေးလှည့်ကြည့်လာ၏။ “ကောင်မလေး မင်း အခုတော့ ငါ့ကိုတောင် ဝေဖန်ရဲနေပြီပေါ့ဟုတ်လား?” သူမရဲ့မျက်နှာက ရွှယ်ရှင်ကျွင်းနဲ့ အတော်လေးဆင်လှ၏၊ သူမတို့၃ယောက်လုံး ဒီနေရာမှာ ပြန်လည်ဆုံဆည်းသွားသလိုမျိုး ကျီယွင်ဟယ် ခံစားလိုက်ရသည်။ သို့သော် အသေအချာကြည့်လိုက်တော့ သူမရဲ့မျက်ခုံးလေးတွေကြားကကျောက်တုံးလေးတစ်ခုက ရွှယ်ရှင်ကျွင်းမှာ မရှိဘူးပဲ။
![](https://img.wattpad.com/cover/272938355-288-k236981.jpg)
YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
FantasyThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...