အပိုင်း (၆၃) သရော်မှု
ကျီယွင်ဟယ် အိပ်မက်အရှည်ကြီးတစ်ခု မက်ခဲ့တယ်။
သူမ မိစ္ဆာတောင်ကြားထဲက ပန်းပင်လယ်ထဲမှာရှိနေတဲ့ကလေးတစ်ယောက်(လင်းဟောက်ချင်း)အကြောင်း မက်မိခဲ့သည်။ သူမ ပန်းခွေလေး၂ခု လုပ်ခဲ့တယ်၊ တစ်ခုက သူမအတွက်၊ နောက်တစ်ခုကတော့ သူ့အတွက်ပေါ့။ သူမတို့တွေ နေရောင်အောက်မှာအတူ ဆော့ကစားပြီး ရယ်မောနေခဲ့ကြတယ်။
ထို့နောက် သူမက ပန်းပင်လယ်ထဲပြေးဝင်သွားပြီး၊ ကြီးမားတဲ့ခရမ်းရောင်ပန်းနွယ်ပင်အောက်မှာ ရွှယ်ရှင်ကျွင်းတစ်ယောက် လီဆူးကို ညင်သာစွာနမ်းနေတာကို တွေ့လိုက်ရတယ်။
ရှက်ရွံ့လာတာနဲ့၊ သူမ ထွက်သွားဖို့ပြန်လှည့်လိုက်ပေမဲ့ လော့ကျင်းစန်းနဲ့သွားတိုက်မိတော့သည်၊ လော့ကျင်းစန်းကတော့ မြင်ကွင်းထဲကနေ ဖြည်းညှင်းစွာပျောက်ကွယ်သွား၏။ လော့ကျင်းစန်းဘေးမှာက ချွီးရှောင်ရှင်းတစ်ယောက် သွားဖြဲရယ်မောလို့နေ၏။ သူတို့နှစ်ယောက်က ကျီယွင်ဟယ်၏လက်တစ်ဖက်စီကို ဆုပ်ကိုင်ပြီး လွတ်လွတ်လပ်လပ်၊ ရူးရူးမူးမူးပြေးလွှားကာ ဝေးလံတဲ့တောင်ကုန်းတစ်ခုဆီဆွဲခေါ်သွားကြသည်။
သူမတို့တွေ တောင်ကုန်းထိပ်ဆီရောက်တဲ့အချိန်မှာ၊ လူတွေအားလုံး ပျောက်ကွယ်သွားပြီး၊ သူမရဲ့ရှေ့မှာ ကြီးမားကျယ်ပြန့်တဲ့ပင်လယ်ပြင်ကြီးတစ်ခု ဘွားခနဲထွက်ပေါ်လာခဲ့သည်။
ဌက်လေးတွေက တေးသီကျူးနေကြပြီး ဝေလငါးကြီးတွေက ကခုန်လို့နေ၏။
ရေလှိုင်းတွေရဲ့အလယ်မှာ အဖြူရောင်နဲ့အပြာရောင် ဧရာမငါးအမြီးကြီးတစ်ခုကို သူမ တွေ့လိုက်ရပြီး၊ ထိုအမြီးကြီးက ရေမျက်နှာပြင်ပေါ်တက်လာလိုက် နောက်တစ်ဖန် ငုပ်လျှိုးသွားလိုက်နှင့်ဖြစ်သည်။
ကျီယွင်ဟယ် လက်လေးဝှေ့ပြမိသွား၏၊ ထို့နောက် ထိုငါးအမြီးကြီး မိုးကုပ်စက်ဝိုင်းဆီသို့ ကူးခတ်ပြီးပျောက်ကွယ်သွားတာကို စောင့်ကြည့်နေမိ၏။ ရုတ်တရက် ကောင်းကင်အလယ်မှာ တောက်ပတဲ့အလင်းလုံးတစ်လုံး ထွက်ပေါ်လာခဲ့သည်။ သူမ ထိုရှေ့သို့ တစ်လှမ်းတိုးသွားပြီးကြည့်လိုက်တော့ သူမရဲ့ခြေဖဝါးအောက်မှာ မမြင်နိုင်တဲ့လှေကားလေးတစ်ခု ဖြစ်ပေါ်လာသလိုမျိုး သူမက လေထဲမှာရပ်နေတာကို တွေ့လိုက်ရသည်။
YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
ФэнтезиThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...
