အပိုင်း (၂၀) ရွေးချယ်မှုများ
ကောင်းကင်ယံကရွှေရောင်အလင်းရောင်ဟာ တဖြည်းဖြည်းချင်း အလှမ်းဝေးလို့သွားရင်း သူမတို့နှစ်ဦး ပြုတ်ကျသွားတော့သည်။
အမှောင်ထုက သူမကိုဝါးမျိုသွားတဲ့အချိန်မှာ ကျီယွင်ဟယ် တစ်စက်လေးမှကြောက်မနေခဲ့ဘူး။ သူမက ရွှေ့ကွက်မှားသွားခဲ့ရင်တောင်မှ ဘာမှမလုပ်ဘဲဒီအတိုင်း ထိုင်စောင့်နေမယ့်အစား တစ်ခုခုကို လုပ်ပစ်လိုက်မယ့်သူမျိုး ဖြစ်သည်။
သူမ ချန်ယီ၏လက်ကိုဆုပ်ကိုင်ပြီး ရေစီးသံတွေကျယ်လောင်လာတာကို နားထောင်နေမိ၏၊ …
ပလုံ!
နောက်ဆုံးတော့ သူမတို့နှစ်ဦးလုံး ရေအောက်ထဲသို့ ရောက်ရှိသွား၏။
ဒီရေကန်ဟာ အဆုံးမဲ့တယ်လို့ ချန်ယီပြောပြဖူးတယ်၊ သူပြောတာမှန်နေတာပဲ။
ကျီယွင်ဟယ် ပါးစပ်နဲ့ နှာခေါင်းကို တင်းကျပ်စွာပိတ်ပြီး အသက်ကိုအောင့်ထားကာ ရေအောက်ထဲထိ လိုက်ပါသွားတော့သည်။
ထို့နောက် ရေခဲတမျှအေးစက်တဲ့ရေတွေထက် ပိုပြီးနွေးထွေးတဲ့လက်မောင်းတစ်စုံက သူမကိုဆွဲငင်ထားသလို ခံစားလိုက်ရသည်။
ချန်ယီ သူမကို ထွေးပွေ့ထားတာပဲ။
ဒါက သူ့ရဲ့နယ်မြေပဲဖြစ်သည်။
သူမကို လက်တစ်ဖက်တည်းနဲ့ဖက်ထားပြီး တစ်ခြားလက်တစ်ဖက်နှင့် သူမ၏မျက်နှာကို ညင်သာစွာ ပွတ်သပ်ပေး၏။
သူမ၏ဘေးပတ်လည်မှာရှိတဲ့ ရေထု၏ဖိအားဟာ ရုတ်ချည်းပျောက်ကွယ်သွားသလို ကျီယွင်ဟယ် ခံစားမိ၏။ သူမ ထိတ်လန့်သွားပြီး နှုတ်ခမ်းသားလေးတွေကိုဖွင့်ဟလိုက်ပေမဲ့ ပါးစပ်အတွင်းထဲသို့ ရေတစ်စက်မှ ဝင်ရောက်မလာခဲ့ဘူး။ “ချန်ယီ” သူမ သူ့ရဲ့နာမည်ကို အော်ခေါ်လိုက်တယ်။
“အင်း?”
သူ့ရဲ့အဖြေကို သူမ ကြားနေရတယ်။
“ရှင်တို့ငါးမျိုးနွယ်မှာ ဒီလိုလက်တွေ့အသုံးကျတဲ့မှော်ပညာမျိုး ရှိနေလိမ့်မယ်လို့ ကျွန်မထင်မထားခဲ့ဘူး” ကျီယွင်ဟယ် ပြောလိုက်တော့သည်။ “ဒါပေမဲ့ ဒီမှော်ဂါထာက ရှင့်အတွက်သိပ်အသုံးမဝင်ဘူးမလား?”
YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
ФэнтезиThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...
