အပိုင်း (၈) လျှို့ဝှက်ချက်များနှင့် သူငယ်ချင်းတွေ

741 82 0
                                    

အပိုင်း (၈) လျှို့ဝှက်ချက်များနဲ့ သူငယ်ချင်းတွေ

ကျီယွင်ဟယ် ရေအနည်းငယ်ဆင့်ခေါ်ပြီး ကျောင်းရန်ရဲ့အမြီးပေါ်က ခြောက်သွေ့အက်ကွဲနေတဲ့ အကြေးခွံတွေကို ပတ်ဖြန်းပေးလိုက်တယ်။ အဲ့ဒီနောက်တော့ ကြည့်ရတာအတော်လေး သက်သာသွားပုံ ရှိသော်ငြားလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့ ဖုံးလွှမ်းနေဆဲဖြစ်သည်။

ကျီယွင်ဟယ် ဒဏ်ရာတွေကိုကုသပေးနေစဉ်မှာပဲ ကျောင်းရန်တစ်ယောက် မောပန်းနွမ်းလျပြီး နောက်ဆုံးတော့ အိပ်ပျော်သွားခဲ့တယ်။

"ကြီးကြပ်ရေးမှုး ဆေးရပါပြီ" လှောင်အိမ်အပြင်ဘက်မှ အစောင့်တစ်ယောက်က လှမ်းအော်ပြောလေသည်။ ဘေးမှာ လျော့ရဲကျနေတဲ့ချိန်းကြိုးတွေအပုံလိုက်နဲ့ မြေပြင်ပေါ်မှာလဲလျောင်းနေတဲ့မိစ္ဆာကိုတစ်ချက်ကြည့်ပြီး သူ ရှေ့ဆက်တိုးဖို့မဝံ့ရဲတော့ဘူး။

ကျီယွင်ဟယ် သူ့ကိုစိုက်ကြည့်လိုက်တော့သည်၊ "မင်းက ငါ့ကို ထွက်ပြီးယူစေချင်တာလား?"

ထိုသူဟာ အချိန်အကြာကြီးတုန်လှုပ်ခြောက်ချားပြီး တုံ့ဆိုင်းနေခဲ့တယ်၊ နောက်ဆုံးတော့ မလှမ်းချင်လှမ်းချင်နဲ့ ရှေ့သို့ခြေတစ်လှမ်း လှမ်းလာလေ၏။ ရွှယ်ရှင်ကျွင်း ဒီထက်ပိုပြီးဆက်မကြည့်နိုင်တော့ဘူး။ "မိစ္ဆာဆရာက မိစ္ဆာလေးတစ်ကောင်ကိုတောင် အရမ်းကြောက်နေတာပဲ မင်းရဲ့ဆရာက မင်းကို ဘာတွေသင်ပေးထားတာလဲ? အရှက်ရစရာကောင်းလိုက်တာ!" သူမ သူ့ဆီသို့ ခြေလှမ်းကျယ်ကြီးနဲ့လှမ်းသွားပြီး ဆေးအိတ်ကိုယူကာ လက်ခုံလေးနဲ့ လှောင်အိမ်အတွင်းသို့ ပစ်ပေါက်ပစ်လိုက်တယ်။

သံတန်းတွေကြားမှ ဖြတ်ပြီးဝင်ရောက်လာတဲ့ဆေးအိတ်လေးကို ကျီယွင်ဟယ် တည်တည်ငြိမ်ငြိမ်ပဲ ဖမ်းယူလိုက်တယ်။ ဒီလူက သိပ်ကိုရိုးသားတဲ့လူမို့ ဆေးကောင်းအများကြီးယူဆောင်လာခဲ့ပေမဲ့ အဲ့ဒါတွေအားလုံးက ပြင်ပဒဏ်ရာတွေအတွက်ပဲ၊ အတွင်းဒဏ်ရာတွေကိုကုသမပေးနိုင်ဘူး။

မိစ္ဆာတွေရဲ့စွမ်းအင်တွေ ပြန်လည်ပြည့်သွားမှာစိုးတာကြောင့် မိစ္ဆာဆရာတွေဟာ အမြဲတစေ မိစ္ဆာတွေရဲ့အတွင်းဒဏ်ရာတွေကို ကုသပေးလေ့မရှိဘူး။ ဒါက လူတိုင်းသိတဲ့အချက်ပဲဖြစ်သည်။

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now