အပိုင်း (၈၃) ထောင်ဖောက်ခြင်း

549 52 0
                                        

အပိုင်း (၈၃) ထောင်ဖောက်ခြင်း

ကြီးမားတဲ့ဓါးရှည်ကြီးတွေနဲ့အစောင့်၂ဦးဟာ အကျဉ်းထောင်ကို ကင်းလှည့်နေကြသည်။ သူတို့ အခန်းထောင့်တစ်ခုဆီရောက်သွားပြီး သေမိန့်ကျအခန်းဆီ ဦးတည်နေတဲ့အချိန်မှာ အချုပ်ခန်းအတွင်းထဲမှ အကျဉ်းသားတစ်ချို့၏အော်သံကို ကြားလိုက်ရသည်။

"ဟေး! ဟေး! မြွေမိစ္ဆာ ထွက်ပြေးသွားပြီ! မြွေမိစ္ဆာ ထွက်ပြေးသွားပြီ!"

အစောင့်၂ဦးဟာ အထိတ်တလန့်ဖြင့် အချင်းချင်းပြန်ကြည့်သွားမိကြသည်။ မြွေမိစ္ဆာကို သခင်ကိုယ်တိုင် သေမိန့်ပေးထားတာမို့ မြွေမိစ္ဆာပျောက်ဆုံးသွားရင် သူတို့ရရှိမယ့်အပြစ်ဒဏ်က ပြင်းထန်လိမ့်မယ်။

သူတို့ ချက်ချင်းပြေးဝင်သွားကြသည်။ သေမိန့်ကျအခန်းမှာ လူ၃ဦးချုပ်နှောင်ထားတဲ့အခန်းတစ်ခန်းနဲ့အတူ မျက်နှာချင်းဆိုင်အခန်းတစ်ခန်း၊ စုစုပေါင်း၂ခန်းသာရှိသည်။ ဆရာတော်ကြီးတပည့်က ထောင့်မှာအိပ်လို့နေဆဲဖြစ်ပြီး တစ်ခြား၂ယောက်၏မျက်နှာမှာ စိုးရိမ်မှုတွေပြည့်နှက်လို့နေသည်။ လုကျင်းယန် ကျိန်ဆဲလိုက်တော့သည်၊ "ဒီမိစ္ဆာတွေက အရမ်းကိုကောက်ကျစ်စဉ်းလဲတာပဲ!"

မြေခွေးမိစ္ဆာကလည်း မျက်နှာချင်းဆိုင်အခန်းကို လက်ညှိုးထိုးပြီး ဟစ်အော်လေသည်၊ "မြန်မြန်! သူ့နောက်လိုက်! မြွေမိစ္ဆာက မြေကြီးမှာ အပေါက်ဖောက်ပြီး ထွက်ပြေးသွားပြီ!"

အစောင့်တွေဟာ တစ်ဖက်အချုပ်ခန်းထဲသို့ အလောတကြီးပြေးဝင်သွားကြသည်... တကယ်ပဲ မြွေမိစ္ဆာရှိမနေဘူး! သူတို့ ထိတ်လန့်သွားကြတော့သည်။ "မြေကြီးမှာ အပေါက်ဖောက်သွားတာလား?"

"ဟုတ်တယ်! အဲ့ဒီထောင့်မှာ! အဲ့ဒီနားလေးမှာ! မီးနဲ့ကြည့်ရင်မြင်ရတယ်!" အားကျီ ထောင့်နားလေးကိုထိုးပြရင်း စိုးရိမ်ပူပန်စွာဟစ်အော်ပြလိုက်သည်။ "အဲ့ဒီမြွေမိစ္ဆာကို ထွက်ပြေးစေလို့မဖြစ်ဘူး! သူ့ကိုပြန်ဖမ်းရမယ်! မဟုတ်ရင် ငါတို့အတူတူ သေကြရလိမ့်မယ်!"

အစောင့်တစ်ဦးဟာ သော့တစ်ချောင်းကိုထုတ်ယူပြီး စုံစမ်းစစ်ဆေးဖို့ အချုပ်ခန်းကို ဖွင့်လေသည်။

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now