အပိုင်း (၂၉) ချန်ယီ၏ကမ္ဘာ
နောက်ပိုင်းနေ့ရက်တွေမှာ တောင်ကြားဟာ အေးချမ်းတိတ်ဆိတ်နေတော့သည်။
ယခင်ကဖြစ်ပွားခဲ့တဲ့ယောက်ယက်ခတ်မှုတွေနဲ့ယှဉ်ရင် အနည်းငယ်ပို၍အေးချမ်းနေ၏။ အရာအားလုံးဟာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသလိုပေါ်ပေမဲ့ အတွင်းပိုင်းမှာတော့ တင်းမာမှုတွေ အစပျိုးနေပြီ။
အားလုံးဟာ မင်းသမီးဆွန်းသဲ၏နောက်ဆုံးဆန္ဒအပေါ် အာရုံစိုက်လာကြသည်။
လော့ကျင်းစန်းဟာ လင်းချန်းလန်ကို နေ့စဉ်ရက်ဆက် စောင့်ကြည့်ခဲ့တယ်။ ဝှက်ထားတဲ့ဖြေဆေးတွေကို သူမ ရှာမတွေ့ခဲ့ပေမဲ့ တောင်ကြားကလူတွေကြားမှာ ပျံ့နှံ့နေတဲ့တီးတိုးစကားတွေအများကြီးကို ကြားသိခဲ့ရသည်။
သူတို့အားလုံးဟာ နောင်တက်မယ့်တောင်ကြားသခင်အသစ်အကြောင်း ဆွေးနွေးနေကြတာဖြစ်ပြီး၊ ကျီယွင်ဟယ် အနိုင်ရလောက်တယ်လို့ တွေးထင်ထားကြတယ်။
ကျီယွင်ဟယ်တစ်ယောက်တည်းကသာ ဒီကိစ္စကိုဂရုစိုက်တဲ့ပုံမပေါ်တာ။
လော့ကျင်းစန်းဟာ သူမဆီသို့ နေ့တိုင်းအပြေးပြန်လာပြီး လူတွေအားလုံးဟာ သူမ ပြိုင်ပွဲမှာအနိုင်ရမယ်လို့ ယုံကြည်ထားကြပြီး လင်းချန်းလန်က တောင်ကြားသခင်ရာထူးကို သူမဆီ ဘယ်လိုလွှဲပေးမှာလဲလို့ တီးတိုးပြောဆိုနေကြကြောင်း ပြောပြလေသည်။
“သူတို့ ဒီလိုမျိုးကောက်ချက်ချပြီးပြောတော့ ငါလည်းပဲ အခိုင်အမာယုံကြည်မိတယ်” လော့ကျင်းစန်း ပြောမိလိုက်၏။ “လင်းချန်းလန်က သူ့ရဲ့ကတိကို တစ်ကြိမ်တစ်ခါတည်ပေးပြီး တောင်ကြားသခင်ရာထူးကို တကယ်ပဲ နင့်ဆီလွှဲပေးမယ်လို့ ထင်လား?”
ကျီယွင်ဟယ် ပြုံးမိသွား၏။ “သူ တကယ်ပဲ ငါ့ဆီလွှဲပေးမယ်ဆိုရင် သူ့ရဲ့သားကရော ဘယ်နေပါ့မလဲ? ဒီမြေခွေးအိုကြီးမှာ သားဆိုတဲ့မျိုးစေ့တစ်စေ့တည်းရှိတာ၊ သူသေသွားတာနဲ့ချက်ချင်း ငါ လင်းဟောက်ချင်းကို နောက်ဘဝဆီပို့မယ့်ဖြစ်နိုင်ချေနဲ့ သူ အဆင်ပြေမယ်လို့ နင်ထင်လား?”
လော့ကျင်းစန်း အတော်လေးအံ့အားသင့်သွား၏။ “နင် တကယ်ပဲ အဲ့လိုလုပ်မှာလား?”
YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
FantasíaThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...