အပိုင်း (၆၁) ရူးသွပ်မှု
The Blue whisper drama၏ ပထမဆုံးအခန်း
ကျီယွင်ဟယ် နေ့ခင်းမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့တယ်။ အစားအသောက်လာပို့တဲ့ အစေခံမလေးအသစ်က နှုတ်ဆိတ်ပြီး စားပွဲပေါ်မှာပြင်ဆင်ပေးပြီးသွားတာနဲ့ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။ ချန်ယီကတော့ ပုံမှန်အတိုင်း ကင်းလှည့်ဖို့ရောက်ရှိလာပြီး၊ သူမ အစားအသောက်တွေကို နာခံစွာစားသောက်တာကိုစောင့်ကြည့်ပြီးနောက် စကားတစ်ခွန်းတောင်မပြောဘဲ သူလည်း ထွက်ခွာသွားခဲ့တယ်။
သက်ရှိလူသားနှစ်ဦး ရောက်လာခဲ့ပေမဲ့ သက်ဝင်လှုပ်ရှားမှုတစ်ခုတောင်မပြဘဲ ထွက်ခွာသွားခဲ့ပြီ။ ကျီယွင်ဟယ်တောင်မှ ပြဿနာရှာတဲ့ကျန်းဝေရန်းကို လွမ်းမိလာခဲ့သည်။
အလင်းရောင်ကိုကာဆီးထားတဲ့ခန်းဆီးလိုက်ကာနက်လေးကို သူမ ဖြုတ်ချပြီး ခြုံလွှာရှည်ကြီးတစ်ထည်ဖြစ်အောင် သူမကိုယ်တိုင် ချုပ်လုပ်လိုက်သည်။ ခြုံလွှာလေးက အရမ်းကိုလှပပြီး သူရဲကောင်းဆန်နေတော့သည်။
ပြတင်းပေါက်မှလှမ်းကြည့်လိုက်တော့၊ ဒီနေ့ည နှင်းမကျတော့မှန်း ကျီယွင်ဟယ် သိလိုက်ရသည်။ မိုးတွေ၊ လေတွေရဲ့လက္ခဏာတွေရှိမနေဘဲ၊ လမင်းကြီးက မိုင်ထောင်ချီထိ လွှမ်းခြုံနေကာ၊ လရောင်ရှုစားဖို့ အကောင်းဆုံးအချိန်ပဲဖြစ်တော့သည်။
မှော်ချိတ်စည်းကိုစမ်းသပ်ကြည့်ဖို့ သူမရဲ့လက်ကိုဆန့်ထုတ်လိုက်တဲ့အချိန်မှာ ဘယ်အရာကမှ သူမရဲ့လက်ကို တားဆီးမလာခဲ့ဘူး။ သို့သော် ပြတင်းပေါက်ကနေ သူမ ခေါင်းထုတ်ကြည့်ဖို့ကြိုးစားလိုက်တဲ့အချိန်မှာ၊ အပြာရောင်စာတန်းလေးတွေ ထွက်ပေါ်လာခဲ့သည်။
လက်တော့ထုတ်လို့ရပေမဲ့၊ ခေါင်းတော့ ထုတ်လို့မရဘူးပေါ့၊ သူက ဘယ်လောက်တောင် သဘောထားကြီးလိုက်လဲ။
ကျီယွင်ဟယ် ပြုံးမိသွား၏၊ အနက်ရောင်အခိုးအငွေ့တွေက သူမရဲ့လက်ချောင်းထိပ်လေးတွေမှာ ကခုန်နေခဲ့သည်။
သူမ ချန်ယီရဲ့ချိတ်ပိတ်စည်းကိုဖောက်ထွက်နိုင်ပါ့မလား မသေချာခဲ့ပေမဲ့ ဖောက်ထွက်နိုင်ခဲ့ရင်တော့၊ သူမ အလှမ်းဝေးဝေးက နှင်းတွေနဲ့ဖုံးပိတ်နေတဲ့တောင်တန်းတွေဆီသို့ ရောက်နိုင်သမျှမြန်မြန် ပြေးသွားရဦးမယ်။ အဲ့ဒီကိုရောက်သွားတာနဲ့တပြိုင်နက် သူမ ပုန်းလို့ရနိုင်လောက်တယ်။ အဲ့ဒီအချိန်ကျရင် သူမ မိတ်ဆွေဟောင်းတွေကို နောက်တစ်ခေါက် ထပ်တွေ့နိုင်မှာမဟုတ်တော့ဘူး။ (ရွှယ်ရှင်ကျွင်း၊ ချွီးရှောင်ရှင်း)
YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
FantasiaThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...
