အပိုင်း (၂၅) ကြာပွတ်နီ

625 71 0
                                    

အပိုင်း (၂၅) ကြာပွတ်နီ

ကျီယွင်ဟယ် မြေအောက်အကျဉ်းထောင်ထဲမှာ တစ်ညလုံးမိုးရွာသွန်းပေးရင်း ချန်ယီနဲ့ အဖော်ပြုနေလိုက်တယ်။

ချန်ယီတစ်ယောက် ခြေကုန်လက်ပန်းကျပြီး ထပ်မံအိပ်ပျော်သွားတော့သည်။ သူမ အလှမ်းဝေးဝေးမှာပဲ မတ်တပ်ရပ်လျက် တစ်စက်လေးမှ မလှုပ်ရှားခဲ့ဘူး။

မနက်ခင်းလင်းရောင်ခြည်လေးက မြေအောက်အကျဉ်းထောင်လှေကားတွေမှ ထိုးဖောက်ဝင်ရောက်လာရင်း သူမရဲ့ခြံဝင်းကိုစောင့်ကြပ်လျက်ရှိတဲ့ မိစ္ဆာဆရာနှစ်ယောက်လည်း ထိုလှေကားတွေဆီမှ အလောတကော ဆင်းလာကြသည်။

သူတို့နှစ်ဦးထိတ်လန့်တုန်လှုပ်နေကြတာကို ကျီယွင်ဟယ် တစ်စက်လေးမှ ဂရုမစိုက်ခဲ့ဘူး။ သူမ နံရံပေါ်ကချန်ယီကို ညင်သာစွာကြိုးတွေဖြေပေးပြီး ကြမ်းပြင်ပေါ်မှာ သက်တောင့်သက်သာချပေးလိုက်တယ်။ ထို့နောက် သူမရဲ့အပေါ်ဝတ်ရုံကိုချွတ်ပြီး ဗလာကျင်းဖြစ်နေတဲ့သူ့ရဲ့အောက်ပိုင်းကို လွှမ်းခြုံပေးလိုက်တယ်။

“ကြီးကြပ်ရေးမှုးက ဒီမိစ္ဆာကို ဘယ်လိုများလွှတ်ပေးနိုင်ရတာလဲ?!”

“ဒါက တောင်ကြားသခင်ကြီးရဲ့အမိန့်ကိုအာခံတာပဲ! ဒါက သိပ်ကောင်းတဲ့အကြံဉာဏ်တော့ မဟုတ်ဘူးနော်! သခင်ကြီးနဲ့တွေ့ဆုံဖို့ ငါတို့နဲ့အတူလိုက်ခဲ့!”

သူတို့ရဲ့စွပ်စွဲချက်တွေကို ကျီယွင်ဟယ် ဘာတစ်ခုမှမတုံ့ပြန်ခဲ့ဘူး။ သူမ ဒေါသတကြီး လှည့်ကြည့်လိုက်ပြီး၊ “ကောင်းပြီ လိုက်ခဲ့မယ်၊ အရမ်းဆူမနေကြနဲ့တော့”

သူမ လက်ထိပ်လေးပေါ် ရေစက်လေးတစ်စက်ဆင့်ခေါ်ပြီး ချန်ယီ၏ပါးစပ်နားသို့ ဂရုတစိုက် ချထားပေးလိုက်တယ်။ သူ့ရဲ့နှုတ်ခမ်းသားလေးတွေ အနည်းငယ်ဖွင့်ဟလာပြီး ရေကိုသောက်လာခဲ့တယ်။

ကျီယွင်ဟယ် မတ်တပ်ရပ်ပြီး မိစ္ဆာဆရာနှစ်ဦးနောက်ကနေ မြေအောက်အကျဉ်းထောင်မှထွက်ပြီး လီဖုန်းခန်းမဆီသို့ ဦးတည်လေသည်။

ကျောက်စိမ်းဖီးနစ်ဌက်ကြီး ထွက်ခွာသွားပြီး ကျောင်းရန်လည်း အချုပ်နှောင်ပြန်ခံနေရတော့ အခုချိန်မှာ တောင်ကြားတစ်ခွင် ပြန်လည်ပြုပြင်ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပြီ။

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now