အပိုင်း (၅၅) အရိုးတွေတောင်လိုပုံ

462 58 0
                                    

အပိုင်း (၅၅) အရိုးတွေတောင်လိုပုံ

သိပ်သည်းထူထပ်တဲ့နှင်းတွေကျဆင်းလာပြီး နောက်တစ်နှစ်ရောက်လို့သွား၏။

ကမ္ဘာကြီးဟာလည်း အချိန်အကြာကြီး ဗရမ်းဗတာဖြစ်လို့နေ၏။

အကျဉ်းထောင်ထဲမှာ သူမ ဘယ်နှရက်ကြာသွားပြီမှန်း ကျီယွင်ဟယ် မမှတ်နိုင်တော့ဘူး။ မြောက်ပိုင်းက ပုန်ကန်မှုဟာ စစ်ပွဲအသွင်ကူးပြောင်းလာပြီး၊ “ခါးသီးအေးစက်တဲ့တိုင်းပြည်”၏ပြည်သူပြည်သားတွေနဲ့ တော်ဝင်ရုံးတော်တို့ကြားကစစ်ပွဲတွေဟာ အရမ်းကိုများပြားလာတာမို့ သတင်းတောင် မပို့နိုင်ကြတော့ဘူး။ ဆရာတော်ကြီးဟာလည်း စိတ်မဝင်စားတော့ဘဲ အောင်နိုင်မှုတွေအကြောင်း၊ ရှုံးနိမ့်မှုတွေအကြောင်း မပြောပြတော့ဘူး။

နေ့တိုင်း အကျဉ်းထောင်ထဲမှာ သူ့ရဲ့စာအုပ်တွေကိုသာသူ ဖတ်နေခဲ့တာ။ မင်းသမီးဆွန်းသဲရဲ့အသက် အန္တရာယ်မကျသေးသရွေ့၊ သူ ဝင်ပါဖို့တွန့်ဆုတ်နေခဲ့တယ်။

သူ့ရဲ့အဖော်ပြုပေးမှုကို ကျီယွင်ဟယ် မငြင်းဆန်ခဲ့ဘူး။ အကယ်၍များ သူသာ ရောက်မလာခဲ့ဘူးဆိုရင်၊ တစ်ယောက်မှလည်း ရောက်လာမှာမဟုတ်ဘူး။ အကျဉ်းထောင်ထဲမှာ တစ်နေကုန် တစ်ယောက်တည်းနေရတာက အရမ်းကိုမွန်းကြပ်လွန်းတာမို့ ဘေးနားမှာတစ်ယောက်ယောက်ရှိနေတာကို သူမလည်း ပိုပြီးနှစ်သက်နေမိ၏။

“ဆရာတော်ကြီး” ကျီယွင်ဟယ် ပျင်းပျင်းနဲ့သစ်သားအပိုင်းအစတစ်ခုကို ကြမ်းပြင်ပေါ် ပစ်ပေါက်ပစ်လိုက်တယ်။ “ဒီနှစ်ဆောင်းက အရမ်းကိုအေးလွန်းတယ်၊ ကျွန်မကို မီးမွှေးပေးပါဦးလား?!”

ဆရာတော်ကြီးတစ်ယောက် စာအုပ်ထဲကစာရွက်တစ်ရွက်ကိုသာလှန်ပြီး သူမကို ပြန်ကြည့်မလာခဲ့ဘူး။

ကျီယွင်ဟယ် ကြမ်းပြင်ပေါ် ဆက်ကာခေါက်လိုက်တော့သည်။ “နောက်ပြီး ရှင် ဘယ်အချိန်ကျမှ ရှင့်လက်ထဲကစာအုပ်ကို ဖတ်လို့ပြီးမှာလဲ?” သူမ မေးလိုက်၏။ “ကျွန်မ နောက်ဆုံးတစ်အုပ်ပြီးသွားတာ အချိန်အတော်ကြာပြီ၊ မြန်မြန်ဖတ်ပြီး ကျွန်မကို မပေးနိုင်ဘူးလား?”

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now