အပိုင်း (၉၇) အစွန်း၂ဖက်
ညဥ့်အချိန်၌ အေးခဲနေတဲ့ပင်လယ်ဆီမှ တိုက်ခတ်လာတဲ့လေပြေအေးဟာ တဲအိမ်အတွင်းမှာအိပ်စက်နေကြတဲ့ လူတိုင်းကို အနည်းငယ်ချမ်းတုန်သွားစေခဲ့တယ်။
လော့ကျင်းစန်းနဲ့ ချွီးရှောင်ရှင်းတို့ ထောင့်နားကမြေပြင်ပေါ်မှာလဲလျောင်းနေစဉ် အားကျီကတော့ အိပ်ရာပေါ်မှာ အိပ်စက်နေခဲ့တယ်။ ချန်ယီ့ကိုတော့ ဘယ်မှာမှမတွေ့ရဘူး။
“ကျီယွင်ဟယ်”
တစ်စုံတစ်ယောက်က သူမရဲ့အိပ်မက်ထဲကနေ လှမ်းအော်ခေါ်နေခဲ့တယ်။
“ကျီယွင်ဟယ်…” အသံက စိတ်ပူနေဟန်တူ၏။ “ချင်းကျီ အဖမ်းခံလိုက်ရပြီ၊ မင်းရဲ့အတိတ်ကို အမှတ်ရတော့! ငါ မင်းကို ငါရဲ့စွမ်းအားတွေဌားပေးမယ်၊ ဒါဆို မင်း သူမကိုသွားကယ်လို့ရပြီ!”
ချင်းကျီ…
အားကျီ မိန်းမောနေရင်း တိမ်စိုင်တွေပေါ် ပြန်ပြုတ်ကျသွားခဲ့တယ်။ သူမ ဘာတစ်ခုမှမဖြေနိုင်သေးခင်မှာ ပြင်းထန်တဲ့အရှိန်အဝါတစ်ခုက သူမ၏ရင်အုံထဲ ထိုးဖောက်သွားပြီး သူမ အလိုအလျောက် ခုခံမိသွားတယ်။ သို့သော် သူမရဲ့စွမ်းအားတွေကိုဆင့်ခေါ်လိုက်တာနဲ့တပြိုင်နက် နှလုံးသားအတွင်းမှာ ဖြေလျော့သွားပြီဖြစ်တဲ့ မီးတောက်လေးဟာ တစ်ခါပြန်ပြီးလောင်ကျွမ်းလာခဲ့သည်။
အသွေးအသားနဲ့ အရေပြားကို ငရဲမီးလောင်မြိုက်သွားသလိုမျိုး သူမ ချက်ချင်း ခံစားလိုက်ရသည်။
အားကျီ မျက်လုံးတွေကို ဆတ်ခနဲဖွင့်ကြည့်လိုက်တော့ သူမ၏ခန္ဓာကိုယ်ဟာ အဆိပ်မီးတောက်တွေနဲ့ ဟုန်းဟုန်းတောက်နီရဲနေခဲ့ပြီ။
ချန်ယီက သူမကို စွမ်းအားတွေထုတ်မသုံးဖို့ အထူးမှာကြားထားခဲ့တာ၊ အိပ်မက်အတွင်းက သူမရဲ့တုန့်ပြန်မှုလေးဟာ တကယ့်လက်တွေ့ဘဝမှာ သူမရဲ့စွမ်းအားကို အသုံးပြုလိုက်စေမယ်လို့ သူမ တစ်ခါမှ တွေးမထားခဲ့မိဘူး။
အားကျီ ပူလောင်တဲ့ဝေဒနာကိုခံစားရပြီး သက်သာသွားစေရန်အတွက် လေပြေအေးလေးဆီကို သွားဖို့ရည်ရွယ်ရင်း အိပ်ရာပေါ်မှလိမ့်ဆင်းလိုက်တယ်။ သို့သော် သူမ ကြမ်းပြင်ပေါ်ရောက်ရောက်ချင်းပဲ ခြေထောက်တွေဟာ အားအင်ချည့်နဲ့သွားပြီး သူမ ဒူးထောက်လျက်သားပြုတ်ကျသွားခဲ့တယ်။
YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
FantasyThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...
