အပိုင်း (၃၆) ဖိအား
လင်းဟောက်ချင်းဟာ လင်းချန်းလန်၏အခန်းတံခါးကို ပိတ်လိုက်တယ်။ မင်းသမီးဆွန်းသဲက ကျောင်းရန်အကြောင်းမေးမြန်းလာကို သူကြားမိတဲ့အချိန်မှာ လင်းဟောက်ချင်း ဖြေဆိုလေ၏၊ "သူ အချုပ်ခံထားရတဲ့ မြေအောက်အကျဉ်းထောင်ကြီးက ကျောက်စိမ်းဖီးနစ်ဌက်ကြီးရဲ့နှောင့်ယှက်မှုကြောင့် မြေကြီးအောက်ထဲ ပြုတ်ကျသွားတယ်၊ ဒါကြောင့် သူ့ကို တစ်ခြားအကျဉ်းထောင်တစ်ခုဆီ ပို့ထားရတယ်၊ ဒါပေမဲ့ သွားရောက်လည်ပတ်ဖို့အတွက်တော့ အခုအကျဉ်းထောင်က ယခင်အကျဉ်းထောင်လောက် မလုံခြုံပါဘူး..."
မင်းသမီးဆွန်းသဲဟာ လင်းဟောက်ချင်းကို အပြုံးလေးတစ်ပွင့်ဖြင့် ကြားဖြတ်ပြောလေသည်။ "ငါက သူ ဘယ်မှာလဲ?လို့ပဲ မေးမိတာပါ"
လင်းဟောက်ချင်းဟာ ခဏတာမျှတုန့်ဆိုင်းသွားပြီးနောက် ခေါင်းကိုငုံ့ပြီး လမ်းပြလေသည်။ "မင်းသမီး ကျေးဇူးပြု၍ ကျွန်တော်မျိုးရဲ့နောက်ကို လိုက်ခဲ့ပေးပါ"
ကြီးမားတဲ့လူအုပ်ကြီးဟာ လီဖုန်းခန်းမကနေ မြေအောက်အကျဉ်းထောင်ဆီသို့ လိုက်ပါသွားတော့သည်။
ကျီယွင်ဟယ် မြေအောက်အကျဉ်းထောင်အပြင်ဘက်ကိုရောက်တဲ့အချိန်မှာ မသိလိုက်မသိဘာသာ ခြေလှမ်းတွေတန့်သွားပြီး အနောက်မှလူက သူမရဲ့ပုခုံးကို ဝင်တိုက်လာသည်။ ထို့နောက် သူမ အသက်ပြင်းပြင်းတစ်ချက် ရှိုက်ရှုပြီး အတွင်းသို့ဝင်လေသည်။
ချန်ယီကိုတွေ့ဖို့ ဒီလောက်စိုးရိမ်တကြီးလာရလိမ့်မယ်လို့ သူမ တစ်ခါမှတွေးမထားခဲ့မိဘူး။
သို့သော် သူမက သူ့ရဲ့ဘက်မှာရှိတဲ့တစ်ဦးတည်းသောသူမို့ သူမ သွားကိုသွားရမယ်။
ကျီယွင်ဟယ် လူအုပ်ကြီးနောက်မှလိုက်ပါ၍ မြေအောက်အကျဉ်းထောင်တွင်းသို့ဝင်၏။
နောက်လိုက်တွေဟာ မင်းသမီးဆွန်းသဲထိုင်ဖို့ ထိုင်ခုံတစ်ခုပြင်ဆင်ထားပြီးဖြစ်သည်။ သူမ ချန်ယီကို စူးစူးစိုက်စိုက်ကြည့်ရင်း လှောင်အိမ်ရှေ့မှာထိုင်လေသည်၊ သူမရဲ့မျက်နှာပေါ်မှာ သန့်စင်တဲ့ပီတိအပြုံးလေးတစ်ခု ရှိနေခဲ့သည်။
YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
FantasiThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...