အပိုင်း (၁၉) သီချင်းနှင့် အက
ကျီယွင်ဟယ် ချောင်းငယ်နားမှာ ဆံပင်ကိုထုံးဖွဲ့ပြီး လူသစ်တစ်ယောက်ပုံစံနှင့်တူအောင် ကြိုးစားလုပ်နေတော့သည်။
ချန်ယီတစ်ယောက် သူမရဲ့ဘေးမှာထိုင်လျက်နှင့် စောင့်ကြည့်ပြီး စိတ်အနည်းငယ်ရှုပ်သွား၏။ "အရင်တုန်းက အဲ့ဒီယောက်ျားကို ချင်းကျီ အရမ်းချစ်မြတ်နိုးခဲ့တယ်ဆိုရင် မင်းက သူမှန်းလက်ခံလာအောင် မင်း ဘယ်လိုစည်းရုံးသိမ်းသွင်းမှာလဲ?"
ကျီယွင်ဟယ် ရေပြင်မှာထင်ဟပ်နေတဲ့ သူမ၏ပုံရိပ်လေးကိုကြည့်ရင်း ပြန်ပြောလိုက်တယ်။ "ချင်းကျီလက်ခံလာအောင်လုပ်ဖို့ သေချာပေါက်မဖြစ်နိုင်ဘူး ဒါပေမဲ့ ဒီကိုယ်ခွဲက သူမရဲ့အငြိုးတရားကနေ ပေါက်ဖွားလာတဲ့ခံစားချက်တိမ်စိုင်လေးတစ်ခုပါ သူမကိုကြည့်ရတာ ရူးသွပ်နေပုံပေါ်တယ်၊ နောက်ပြီး သူမရဲ့အတွေးတွေကလည်း ရှုပ်ထွေးနေတဲ့ပုံပဲ..."
ချန်ယီ နောက်တစ်ခေါက် မျက်မှောင်ကြုတ်မိသွား၏။
သူပြောလာမှာကို စောင့်စားနေဖို့မလိုတော့ဘူး၊ ရိုးသားဖြောင့်မှတ်တဲ့ဒီအမြီးကြီးနဲ့ငါး ဘာတွေတွေးတောနေလဲဆိုတာ ကျီယွင်ဟယ် သိရှိပြီးဖြစ်သည်။ "ဟေး အမြီးကြီးနဲ့ငါး" သူမကိုယ်သူမ ကာကွယ်ပြောဆိုလိုက်တယ်၊ "သူမက ဒီနေရာမှာ ကျောက်စိမ်းဖီးနစ်ဌက်ကြီးစွန့်ပစ်ထားတဲ့ စိတ်ခံစားချက်အစုအဝေးတစ်ခုပဲ ဖြစ်တယ်ဆိုတာ ရှင်သိဖို့လိုတယ်၊ သူမက အမှန်တကယ်ဖြစ်တည်နေတာ မဟုတ်ဘူး၊ သူမက အသက်မရှိဘူး၊ ဒါ့အပြင် ကျွန်မတို့က ရွေးချယ်စရာမရှိတော့လို့ သူမကိုလိမ်လည်ရတာ၊ ရှင်လည်း ဒီနေရာမှာ ထာဝရပိတ်လှောင်မခံချင်ဘူးမလား?"
လှပတဲ့အပြာရောင်မျက်ဝန်းတစ်စုံ ငုံ့ဆင်းလာ၏။
ရုတ်တရက် ကျီယွင်ဟယ် ကလေးငယ်တစ်ယောက်ကို ချော့မော့ပြောဆိုနေသလိုမျိုး... ခံစားလိုက်ရ၏။
"လီဆူးက ကျောက်စိမ်းဖီးနစ်ဌက်ကြီးလွတ်မြောက်ဖို့ သူ့ရဲ့အသက်ကို ပေးဆပ်ခဲ့တာ၊ ဒါက ကျွန်မတို့ ဒီနေရာကနေလွတ်မြောက်ဖို့ တစ်ခုတည်းသောအခွင့်ရေးပဲ" ကျီယွင်ဟယ် သိမ်းဆည်းထားတဲ့ ဖြေဆေးသေတ္တာကို ပွတ်သပ်ရင်း မျက်ဝန်းတစ်စုံက ဝင်းလက်တောက်ပလာတော့သည်။ "ဒါကြောင့် အစွဲအလမ်းကြီးနေတဲ့ဒီမိစ္ဆာကို ကျွန်မ လိမ်လည်ရမယ်၊ သူမရဲ့နှလုံးသားထဲကဆက်ထုံးကို ကျွန်မ ပြန်ဖြေပေးရမယ်၊ ဘယ်နည်းလမ်းကို သုံးရသုံးရပေါ့"
YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
FantasyThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...