အပိုင်း (၄၀) အခွင့်ရေး

482 62 0
                                    

အပိုင်း (၄၀) အခွင့်ရေး

လင်းဟောက်ချင်း အချိန်အတော်ကြာ စကားမပြောနိုင်ဖြစ်လို့သွားသည်။

သူ ကျီယွင်ဟယ်ကို တိတ်တိတ်လေးလှမ်းကြည့်လိုက်တယ်။ ညာဖက်ထောင့်လေးမှာ နေရောင်ခြည် ဖြာကျနေ၍ အချိန်ဟာ အနည်းငယ်ကြာလို့သွားပြီ။ သူမရဲ့လိပ်ပြာတောင်ပံကြီးတွေကိုဖြန့်ကားပြီး သူ့ကို ပြောနေသယောင် ခံစားနေရသည်၊ ကိုကို ညီမထွက်သွားတော့မယ်၊ ဒီတစ်ခေါက်တော့ ကမ္ဘာကြီးတစ်ခုလုံးပေါ် သေချာပေါက် ပျံသန်းတော့မယ်။

လူတွေကိုပြုံးရယ်စေလောက်တဲ့အထိ ခေါင်းမာသလို၊ လူတွေကိုငိုကြွေးစေတဲ့အထိလည်း ဖြောင့်မှန်လွန်းတယ်။

“ဘာကြောင့်လဲ?” အချိန်အတော်ကြာပြီးနောက် လင်းဟောက်ချင်း နောက်ဆုံးတော့ စကားပြောနိုင်ခဲ့ပြီ။ သူ့ရဲ့မေးခွန်းက ရုတ်တရက်ကြီး ထွက်လာပြီး သူမေးတဲ့သဘောကို တစ်ယောက်မှ နားမလည်နိုင်ကြပေမဲ့ ကျီယွင်ဟယ် လျင်မြန်စွာ ခွန်းတုံ့ပြန်လိုက်တယ်။

“ကျွန်မ သူ့ကိုစိတ်ပူတယ်” သူမရဲ့မျက်လုံးတွေက နေရောင်အောက်မှာ အနည်းငယ်ညှို့မှိုင်းနေသလိုပဲ။ “ကျွန်မ တစ်ခါမှမရနိုင်ခဲ့တဲ့လွတ်လပ်ခြင်းကို သူ့ဆီ ပြန်ပေးချင်တယ်၊ ကျွန်မရဲ့အသက်က တန်ဖိုးရှိနေတုန်းဆိုရင် ကျွန်မ သူ့အတွက် အဲ့ဒါကိုအသုံးပြုလိုက်ချင်တယ်”

လင်းဟောက်ချင်း အတွေးတွေထဲမှာရစ်ဝဲနေခဲ့သည်။

နှစ်တွေကြာပြီးနောက် လင်းဟောက်ချင်းဟာ နောက်ဆုံးတော့ မိမိကိုယ်ကိုသာ ဂရုစိုက်တတ်တဲ့လူတစ်ယောက် ဖြစ်လာခဲ့ပြီ။

တစ်ခြားတစ်ဖက်မှာတော့ ကျီယွင်ဟယ်ဟာ တစ်စုံတစ်ယောက်ရဲ့လွတ်လပ်မှုအတွက် သူမရဲ့အသက်နဲ့ အလဲအလှယ်ပြုချင်နေတာ။

သူမတို့တွေရဲ့ကိုယ်ပိုင်ရွေးချယ်ချက်တွေကြားမှာ သူမတို့တွေဟာ အဆုံးသတ်တော့ မတူညီတဲ့လူနှစ်ယောက်ဖြစ်လာခဲ့ပြီ။

အမှန်တကယ်တော့ မှန်တယ်၊ မှားတယ်လည်းမဟုတ်သလို၊ ကောင်းတယ်၊ ဆိုးတယ်လည်း မဟုတ်ဘူး။ ငြီးငွေ့ဖွယ်ကောင်းတဲ့အထီးကျန်လမ်းကြောင်းကြီးက သူမတို့ရဲ့ဘဝကို ဦးဆောင်နေတာသာ ဖြစ်သည်။

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now