အပိုင်း (၁၈) ဝူချန်းသူတော်စင်

807 90 1
                                        

Blue whisper (Yu Jiao Ji)
အပိုင်း (၁၈) ဝူချန်းသူတော်စင်

ကျီယွင်ဟယ် အပေါ်ဝတ်ရုံကိုဆွဲဖြဲပြီး ကြိုးတစ်ချောင်းနှင့် ရင်ဘတ်ကိုရစ်ပတ်ချည်နှောင်လိုက်တယ်။ ထို့နောက် သူမ ဆံနွယ်တွေကို အမျိုးသားသျှောင်ထုံးပုံစံစုပြီး ချည်နှောင်လိုက်သည်။

ချန်ယီကတော့ ကျောပေးရင်း မြက်ခင်းပြင်ပေါ်၌သာ ထိုင်လျက်ရှိ၏။ သူမရဲ့စကားသံထွက်ပေါ်မလာမချင်း သူ့ရဲ့လည်ပင်းဟာ အေးခဲတန့်နေခဲ့ပြီး တစ်စက်ကလေးမှ လှုပ်ရှားမလာခဲ့ဘူး။ (နောက်ပြန်လှည့်မကြည့်လာဘူး) သို့သော် သူ့ရဲ့အမြီးကြီးကတော့ မြေကြီးပေါ်သို့ အသာအယာလွှဲခတ်ပြီး ပျင်းရိနေသလိုမျိုး တစ်ချက်ပြီးတစ်ချက်ပုတ်ခတ်နေတော့သည်။

“ပြီးပြီ”

ကျီယွင်ဟယ် ချန်ယီပြန်လှည့်ကြည့်လာမှာကို မစောင့်တော့ဘဲ သူ့ဆီသို့ လမ်းလျှောက်သွားလိုက်တယ်။ “ဘယ်လိုလဲ? ကျွန်မ ယောက်ျားတစ်ယောက်နဲ့တူသလား?”

သူမကို သူ ခေါင်းအစခြေအဆုံးထိ အချိန်အတော်ကြာစိုက်ကြည့်ပြီး ခေါင်းခါပြလေသည်။ “မတူဘူး ခန္ဓာကိုယ်ဖွဲ့စည်းပုံရော မျက်နှာအနေအထားကပါ ယောက်ျားတစ်ယောက်နဲ့ တစ်စက်မှမတူဘူး”

ကျီယွင်ဟယ် သူ့ကိုတစ်ချက်မျှ စူးစိုက်ကြည့်ပြီး ပြောလိုက်တော့သည်၊ “ဒါဆိုလည်း ရှင်ပဲသွားလေ”

သူ ခေါင်းကိုနောက်တဖန် ခါပြလေသည်။ “မသွားဘူး”

ဒီငါးကြီးမှာ သုံးစားမရတဲ့မျက်နှာချောချောလေးတစ်ခုရှိနေတာပဲ။

ကျီယွင်ဟယ် သက်ပြင်းချမိသွား၏။ “ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ? ဒီအိုးခြမ်းပဲ့ကြီးကိုပဲ ကျွန်မ သွားခွဲရတော့မယ် (မှားယွင်းပြီးဖြစ်သည့်ကိစ္စတွေကို ပိုဆိုးအောင်လုပ်ဖို့ ရွေးချယ်ခြင်း)” သူမ ပြန်လှည့်ပြီး စစ်မြေပြင်ဆီသွားရတော့မည့်စစ်သားတစ်ယောက်လို အဝေးသို့ ဒုန်းစိုင်းထွက်သွားတော့သည်။

သူမ ကောင်းကောင်းကြီး အရိုက်နှက်ခံရပြီးနောက် လွှင့်ပစ်ခံရလိမ့်မယ်လို့ မျှော်လင့်ချက်နဲ့ ထွက်သွားခဲ့တာ။

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now