အပိုင်း (၁၇) မိစ္ဆာကိုယ်ခွဲ

843 92 0
                                        

Save the date (12.10.21)
Blue whisper (Yu Jiao Ji)
အပိုင်း (၁၇) မိစ္ဆာကိုယ်ခွဲ

ဒီရေကန်ဟာ အဆုံးမရှိဘူးလို့ ချန်ယီ တွေ့ရှိခဲ့တယ်။

ကျီယွင်ဟယ် တွေးတောနေမိ၏။ ဒီမီးတောင်ပေါက်ဝမှလွဲ၍ နေရာတိုင်းမှာ မြေပြင်ဟာ ပြားချပ်လျက်ရှိပြီး၊ သူမရဲ့စူးစမ်းလေ့လာမှုအရဆိုရင် ဒီရေကန်ဟာ မီးတောင်ပေါက်ဝ၏အလယ်တည့်တည့်မှာရှိတာဖြစ်သည်။

သူမ သေသေချာချာခန့်မှန်းတွက်ရမယ်ဆိုရင် ဒီရေကန်က အဓိကမျက်လုံး (သို့မဟုတ်) ချိတ်ပိတ်စည်း၏အလယ်ဗဟိုမှာလည်း ရှိနေခဲ့တာ။ သူမတို့ ဒီမျက်လုံးကို လှုပ်ခတ်သွားအောင် လုပ်နိုင်မယ်ဆိုရင် ထောင့်၁၀ထောင့်ဖွဲ့စည်းပုံက အပြီးအတိုင်ကျိုးပျက်သွားမှာပဲ။

ကျီယွင်ဟယ် လက်နဲ့ရေတစ်ချို့ခပ်ပြီး မျက်လုံးတွေဆီ ပင့်မြှောက်လိုက်တယ်။ ဒီရေကန်ရဲ့အောက်ခြေ ချောက်နက်ကြီးက… သူမတို့ရဲ့ထွက်ပေါက်ဖြစ်မှန်း သူမ ချက်ချင်းသိရှိသွားတော့သည်။

ဘာကြောင့်လဲဆိုတော့… သူမ ရေကိုထိမိလိုက်တာနဲ့ အရမ်းကိုဖျော့တော့ပေမဲ့ သွေးကြောလေးနှစ်ခုလုံးကို  ခံစားသိရှိမိလိုက်သည်။

ချန်ယီ ရုတ်တရက် နိုးကြားထက်ကြွလာ၏။ “တစ်ယောက်ယောက် ရှိနေတယ်”

ကျီယွင်ဟယ် တအံ့တသြဖြင့် ဘေးဘီလှည့်ပတ်ရှာဖွေကြည့်လိုက်၏။ “ဘယ်မှာလဲ?”

ထို့နောက် သူမလည်း ကြားမိလိုက်သည်။ ဧရာမသားရဲကြီးတစ်ကောင် နိုးထလာသလိုမျိုး ရေကန်၏အောက်ခြေမှ တဒုန်းဒုန်းအသံတိုးလေး ပျံ့လွင့်လာ၏။

ကျီယွင်ဟယ်နဲ့ ချန်ယီတို့နှစ်ဦးသား အချင်းချင်းကြည့်မိသွားကြသည်။

ရေအောက်မှာ နှစ်မြို့ဖွယ်မကောင်းတဲ့တစ်စုံတစ်ရာ ရှိလို့နေသည်။

ကျီယွင်ဟယ် ချန်ယီ၏လက်မောင်းကို ချက်ချင်းဆုပ်ကိုင်ပြီး အားကုန်သုံး ဆွဲလိုက်တယ်။ သူမ အားပြင်းပြင်းနဲ့ သူ့ကို ရေထဲကဆွဲထုတ်လိုက်တော့ လေပေါ်မှာ စက်ဝိုင်းခြမ်းသဏ္ဍာန်လွင့်သွားရင်း သူမပါ မြေပြင်ပေါ် ပက်လက်လှန်ကျသွားတော့သည်။

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now