အပိုင်း (၈၂) မြောက်ပိုင်းသို့အပြန်

544 53 0
                                        

အပိုင်း (၈၂) မြောက်ပိုင်းသို့အပြန်

"မင်းကလည်း မိစ္ဆာပဲလား?" လူသန်ကြီးဟာ မတ်တပ်ထရပ်ပြီး ကျီယွင်ဟယ့်ကို စူးစိုက်ကြည့်လေသည်။

သူတို့တိုက်ခိုက်နေကြစဉ် တစ်ဦးတစ်ယောက်ကမှ မိစ္ဆာစွမ်းအားရော ဝိဉာဉ်စွမ်းအားကိုပါ အသုံးမပြုခဲ့ကြဘူး။ ဒါက သာမာန်ကာယဗလတိုက်ခိုက်မှုသက်သက်ပဲဖြစ်သည်။ မိစ္ဆာဆရာတွေဟာ သူတို့ရဲ့ပုန်းကွယ်သွေးကြောကနေ ဝိဉာဉ်စွမ်းအားတွေ ရှိကြပေမဲ့လည်း သူတို့ရဲ့ခန္ဓာကိုယ်ကတော့ သာမာန်လူသားခန္ဓာကိုယ်အတိုင်း ဖြစ်နေကြတုန်းပဲလေ။ မိစ္ဆာတွေမှာသာ ဒီလိုပြင်းထန်တဲ့ခွန်အားမျိုး ရှိနိုင်တာ။

အားကျီ မငြင်းဆန်ခဲ့ဘူး။

လက်ရှိမှာ ကျီနင် ပို၍တောင် အံ့အားသင့်သွား၏။

သူမတို့တွေစကားပြောဆိုနေကြစဉ်မှာ မီးတုတ်တွေနဲ့လူတစ်အုပ် ချဉ်းကပ်လာပြီး မီးရောင်တွေက သူမတို့၏ပတ်ဝန်းကျင်တစ်ခွင် ထွန်းလင်းသွား၏။

အားကျီ ဘေးပတ်လည်သေချာကြည့်ပြီး အကြမ်းဖျင်းတွက်ချက်ကြည့်လိုက်တော့ အယောက်၂၀လောက်ရှိတယ်။ တကယ်လို့ ဒီလူတွေအားလုံးသာ ပုဆိန်နဲ့လူသန်ကြီးအတိုင်း ခွန်အားရှိကြမယ်ဆိုရင် ပြဿနာဖြစ်လောက်မှာမဟုတ်ဘူး။ သို့သော် အားကျီတစ်ယောက် သူတို့ရဲ့စွမ်းရည်တွေကို မသိသေးဘူး။ ဒါ့အပြင် သူမ ကျီနင်ကို လုံခြုံအောင်ထားရဦးမယ်၊ နောက်ပြီး သူမရဲ့ရုပ်ပြောင်းရုပ်လွှဲပုံစံကို နေသားတကျဖြစ်အောင်လုပ်ရဦးမယ်။ အရေးကြီးဆုံးကတော့ သူမရဲ့ခန္ဓာကိုယ်ထဲက ဝိဉာဉ်စွမ်းအင်ကို ဘယ်တော့မှထုတ်မသုံးနိုင်တာပဲဖြစ်သည်...

ဒီတိုက်ခိုက်မှုက ရှုပ်ထွေးလာခဲ့ရင် သူမကိုယ်သူမ အလွယ်တကူ ထုတ်ဖော်မိပြီးသားဖြစ်သွားလိမ့်မယ်။

ဒါဆိုလည်း ပြေးရတာပေါ့။

သူမတို့ပတ်လည်မှာ ဝိုင်းရံနေကြတဲ့လူတွေကြားမှာ မိစ္ဆာဆရာတွေနဲ့ မိစ္ဆာတွေပါ နှစ်မျိုးလုံးရှိနေခဲ့တယ်။ သူတို့တွေက သူမရဲ့ဘေးမှာ အပ်ကြောင်းမရှိအောင်ဝိုင်းရံထားတာ မဟုတ်တာကြောင့် အချင်းချင်း သိပ်ပြီးမရင်းနှီးကြမှန်း အားကျီ အပ်တပ်သိနေမိ၏။ သူတို့တွေကြားထဲကပျော့ကွက်တစ်ခုကို သူမ အလွယ်တကူပဲ ရှာတွေ့သွားခဲ့တယ်။

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now