အပိုင်း (၉၈) ဒီအတိုင်းပဲ မမုန်းတာ

599 52 0
                                        

အပိုင်း (၉၈) ဒီအတိုင်းပဲ မမုန်းတာ

ဆရာတော်ကြီးအိမ်တော်မှပြန်လာပြီးတဲ့နောက် မင်းသမီးဆွန်းသဲတစ်ယောက် ပင်မခန်းမဆောင်မှာပဲ တစ်ညလုံးထိုင်နေခဲ့တယ်။ သွေးစွန်းနေတဲ့သူမရဲ့မျက်နှာကိုသန့်ရှင်းဖို့ ဂရုမစိုက်သလို၊ ရှုပ်ပွနေတဲ့ရေစိုဆံနွယ်တွေကိုလည်း ဖြီးလိမ်းဖို့ စိတ်မဝင်စားခဲ့ဘူး။

ကျူးလင် ရောက်လာပြီး သူမကိုတွေ့သွားတဲ့အချိန်မှာ သူ ထိတ်လန့်သွားပြီး သူမ၏ထိုင်ခုံဆီ လျင်မြန်စွာ လျှောက်သွားလိုက်တယ်။ သူမ၏မျက်နှာကိုထိကြည့်ဖို့ သူ လက်လေးတစ်ဖက်ဆန့်ထုတ်လိုက်ပေမဲ့ လေထဲမှာတင် ရပ်တန့်သွားခဲ့သည်။

သူ့ရဲ့လက်ကို ရုတ်သိမ်းလိုက်ချင်ပေမဲ့ ဆွန်းသဲက လက်ကိုဖမ်းဆုပ်ပြီး သူမ၏ပါးပြင်ကို သူ့ရဲ့လက်ဖဝါးထဲသို့ ဖိကပ်လာခဲ့သည်။

သူမ၏မျက်နှာကို သူ့ရဲ့လက်နဲ့ ပွတ်သပ်လိုက်တော့ လက်မှာသွေးတွေအကုန် စွန်းထင်းသွား၏။

“မင်းသမီး… မင်းသမီးရဲ့ဒဏ်ရာ…”

“ကျူးလင် ငါ ဆရာ့ကို မသတ်နိုင်ခဲ့ဘူး”

“ဆရာတော်ကြီးကိုလား…?”

“သူ ငါ့ကို အပြစ်မပေးခဲ့ဘူး၊ ငါ့ရဲ့စွမ်းအားတွေအကုန်လုံးကိုပဲ စုပ်ယူသွားခဲ့တာ” သူမ၏မျက်နှာလေးကို ကျူးလင်၏လက်ဖဝါးထဲသို့ အနည်းငယ်တင်းကြပ်အောင် ဖိကပ်ပစ်လိုက်သည်။ “မျိုးရိုး၊ ဂုဏ်သိက္ခာ၊ အာဏာ၊ အသက်… အရာအားလုံးကို သူ ငါ့ကိုပေးခဲ့တာ၊ ကျူးလင် ဒီမျက်နှာကလွဲပြီး သူ ငါ့ဆီကနေလိုချင်တာ ဘာမှမရှိဘူး၊ နောက်ပြီး အခု ငါ့မှာ ဘာမှတစ်ခုမှမရှိတော့ဘူး…” သူမ၏မျက်လုံးလေးတွေ ပွင့်ဟနေခဲ့ပေမဲ့ သူမ၏အကြည့်တွေက ဟာတာတာဖြစ်နေခဲ့သည်။

“ဒီလောက်အချိန်တွေကြာသွားတာတောင်မှ ငါ့ရဲ့အမာရွတ်တွေ ရှိနေတုန်းပဲ၊ သူ ဘယ်လောက်ကြာကြာ သည်းခံစောင့်စားနိုင်မှာလဲ? တစ်လလား၊ နှစ်လလား? တစ်နှစ်လား? ၂နှစ်လား? သူ လက်လျော့လိုက်တာနဲ့ ငါက သူ ပုံမှန်အတိုင်းစွန့်ပစ်လိုက်တဲ့ အမှိုက်လေးတစ်စဖြစ်သွားလိမ့်မယ်၊ ငါနဲ့ အပြင်ဘက်က တောင်သူလယ်သမားတွေကြားကကွာခြားချက်က ဘာလဲ?”

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now