အပိုင်း (၅၈) လူသားနှလုံးသားထက် ပိုပြီးအကျည်းတန်တယ်

751 69 0
                                        

အပိုင်း (၅၈) လူသားနှလုံးသားထက်ပိုပြီး အကျည်းတန်တယ်

ကျီယွင်ဟယ် လက်ကို ငေးစိုက်ကြည့်မိရင်း စူးရှပြင်းထန်တဲ့နာကျင်မှုကို မေ့လျော့သွား၏။

အသွေးအသားတွေမရှိတော့တဲ့အရိုးတွေဟာ လေထဲမှာခပ်ဆတ်ဆတ်လွှဲလို့့နေ၏၊ ကျီယွင်ဟယ် လက်ကို နေရောင်ခြည်ထဲသို့ ထပ်ပြီးဆန့်ထုတ်လိုက်တယ်။

နေနဲ့ထိတဲ့အစိတ်အပိုင်းတွေအားလုံးဟာ အရိုးမှလွဲ၍ ဘာမှမရှိဖြစ်လာခဲ့တယ်။ လက်ချောင်းတွေကနေ လက်ကောက်ဝတ်အထိ၊ လက်မောင်းတစ်ဖက်လုံးတောင်မှ…

ဒီဆန်းကြယ်တဲ့မြင်ကွင်းက ကျီယွင်ဟယ့်ကို ထိတ်လန့်သွားစေခဲ့တယ်၊ နောက်ပြီး နာကျင်မှုကလည်း သူမရဲ့အသိအာရုံကို ပြန်မကပ်စေခဲ့ဘူး။ သူမ နေရောင်ကိုမမြင်ရတာ ၆နှစ်နီးပါးရှိပြီ၊ နောက်ပြီး အခုချိန်မှာ အရမ်းကိုနေပူဆာလှုံချင်နေခဲ့တာ။ သူမရဲ့အသွေးအသားတွေအားလုံးကိုဆွဲဖြဲပြီး စိတ်ဝိဉာဉ်ကို သန့်စင်ပစ်လိုက်သလိုမျိုး ခန္ဓာကိုယ်တစ်ခုလုံးကို နေရောင်အောက်မှာ စူးစမ်းလေ့လာကြည့်ချင်မိ၏။

သူမ နေရောင်ခြည်ပိုရအောင်လို့ ဘေးဘက်သို့တောင် ခြေလှမ်းတစ်လှမ်းတိုးသွားလိုက်သည်။ သို့သော် ထိုခြေလှမ်းလေး မချနိုင်သေးခင်မှာ၊ သူမရဲ့တစ်ခြားလက်တစ်ဖက်က အားပြင်းတဲ့ဆွဲအားတစ်ခုကို ခံစားလိုက်ရပြီး၊ ကျီယွင်ဟယ်တစ်ယောက် ချန်ယီ၏ကျယ်ဝန်းသောအရိပ်အောက်သို့ နောက်တစ်ဖန် ပြန်ရောက်သွား၏။

သူ့ရဲ့အရိပ်က သူမကို လုံးဝကြီးဖုံးလွှမ်းနေပြီး၊ သူ့ရဲ့မျက်လုံးတွေက နေရောင်ကိုနောက်ခံထားကာ နက်ရှိုင်းတဲ့ပင်လယ်ပြာအောက်မှာ ပုန်းလျှိုးနေတဲ့ကျောက်မျက်ရတနာလေးလို ပြိုးပြိုးပျက်ပျက်ဝင်းလက်နေ၏။

လက်တစ်ဖက်နဲ့ သူ ကျီယွင်ဟယ်၏မေးစေ့ကိုဆုပ်ကိုင်ပြီး သူနဲ့မျက်နှာချင်းဆိုင်အောင် ဆွဲပင့်လိုက်တယ်။ အရင်တုန်းကလိုမျိုး သူစောင့်ထိန်းတဲ့သင့်လျော်သောအမူအကျင့်တွေ၊ ကိုယ်ပိုင်ကန့်သတ်ချက်တွေတစ်ခုမှ မရှိတော့ဘူး။

“မင်း ဘာလုပ်တာလဲ?” သူ့ရဲ့အသံက အေးစက်ပြီး အနည်းငယ်ဒေါသထွက်လို့နေ၏။ “မင်းကိုယ်မင်း သတ်ပစ်ချင်နေတာလား?”

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now