အပိုင်း (၄၃) အကြောက်တရားမရှိ

508 56 0
                                    

အပိုင်း (၄၃) အကြောက်တရားမရှိ

ကျီယွင်ဟယ် တောအုပ်တစ်လျှောက်ပြေးသွားပြီး တောင်ပို့ထိပ်ဆီ တက်လိုက်တယ်။ သူမ အလှမ်းဝေးဝေးဆီ စူးစိုက်ကြည့်နေစဉ်မှာ သူမရဲ့ခန္ဓာကိုယ်ပတ်ချာလည်ပေါ် နေရောင်ခြည်လေး ဖြာကျလို့နေ၏။ ချန်ယီ တောင်ပို့နားချဉ်းကပ်လာတဲ့အချိန်မှာ စိတ်လှုပ်ရှားပျော်မြူးနေတဲ့ကလေးငယ်လေးတစ်ယောက်ကဲ့သို့ သူမ သူ့ကို လှမ်းအော်ခေါ်လိုက်တယ်၊ "ချန်ယီ! ချန်ယီ! ဒီကိုလာခဲ့!"

ဒီလိုမျိုးတက်ကြွဖျတ်လတ်နေတဲ့ကျီယွင်ဟယ့်ကို ချန်ယီ တစ်ခါမှမမြင်ဖူးဘူး။

သူမက မိစ္ဆာတောင်ကြားမှာရော ထောင့်၁၀ထောင့်ဖွဲ့စည်းပုံအတွင်းမှာပါ နှစ်ခုလုံးမှာ အမြဲတည်ငြိမ်ပြီး အေးချမ်းနေခဲ့တာ။ ဖြစ်နိုင်တာက သူမ အချိန်နှင့်အမျှပြောင်းလဲလွယ်မှုတစ်ချို့ကို ထုတ်ဖော်ပြသမိသွားပြီ၊ သို့သော် အမှန်တကယ်တော့ သူမကိုယ်သူမ တစ်ခါမှလွတ်ထွက်နေအောင်မနေဖူးဘူး။

သို့သော် အခုချိန်မှာ သူမ အမှန်တကယ်ပဲ တောင်ပို့ပေါ်မှာ ခုန်ပေါက်နေခဲ့သည်။

"ကြည့်ဦး!" သူမ အလှမ်းဝေးဝေးဆီ ညွှန်ပြလိုက်တယ်။

ချန်ယီ သူမရဲ့ဘေးနား လျှောက်လှမ်းလာ၏။ အဆုံးမဲ့လိပ်တက်နေတဲ့တောင်ပို့တွေရဲ့မြင်ကွင်းကျယ်ကြီး သူ့ရဲ့မျက်လုံးတွေရှေ့မှာ ဘွားခနဲထွက်ပေါ်လာပြီး မိုင်ထောင်ချီအထိ နိမ့်ချည်မြင့်ချည်ဖြစ်နေတော့သည်။ အလှမ်းဝေးဝေးမိုးကုပ်စက်ဝိုင်းပေါ်မှာ မြင့်မားလှတဲ့တောင်တန်းတွေက ကောင်းကင်ယံထိ မြင့်တက်နေကြပြီး တိမ်စိုင်တွေကိုဖောက်ထွက်နေကြသည်။ သန့်စင်ခမ်းနားလွန်းတဲ့မြင်ကွင်းတစ်ခုဖြစ်သည်။

ကြီးကျယ်ခမ်းနားလှတဲ့မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးတို့ရဲ့အောက်မှာ လူသားတွေရဲ့အရှုံးအမြတ် တွက်ချက်မှုအားလုံးဟာ အရေးမပါတော့တဲ့ပုံပေါ်သွားသည်။

နှုတ်ခမ်းသားလေးတွေ တုန်ခါရင်း ကျီယွင်ဟယ်ဆိုလိုက်တယ်။

"ဒီကမ္ဘာကြီးက လှတယ်မဟုတ်လား?" သူမ ချန်ယီကိုမေးနေတာလား၊ ဒါမှမဟုတ် သူမတစ်ယောက်တည်း ပြောနေမိတာလားဆိုတာ သိပ်မသဲကွဲခဲ့ဘူး။

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now