အပိုင်း (၃၃) ကြံရာပါ

477 64 0
                                    

အပိုင်း (၃၃) ကြံရာပါ

လင်းချန်းလန်၏ခန္ဓာကိုယ်က ကျီယွင်ဟယ်နဲ့ လင်းဟောက်ချင်းဘေးမှာ အေးစက်နေပြီဖြစ်သည်။

သူမတို့နှစ်ဦးလုံးလည်း သေဆုံးသွားကြသလိုမျိုး အခန်းဟာ အရမ်းကိုတိတ်ဆိတ်နေတော့သည်။

နောက်ဆုံးတော့ ကျီယွင်ဟယ် အိပ်ရာမှထပြီး လင်းဟောက်ချင်းနဲ့ မျက်နှာချင်းဆိုင် မတ်တပ်ရပ်လိုက်တယ်။ သူမက သူ့ထက်ခေါင်းတစ်ဝက်လောက်ပုပေမဲ့ သူမရဲ့ကိုယ်ဟန်အနေအထားက သူ့ကို မရှုံးခဲ့ပါဘူး။

“လင်းဟောက်ချင်း” သူမလည်း သူ့ကို နာမည်အပြည့်အစုံခေါ်လိုက်တယ်၊ “အရာအားလုံး ဖြစ်ပျက်ပြီးတဲ့နောက်မှာ ကျွန်မ ရှင်နဲ့ရန်သူပြန်ဖြစ်ရတာ နှမြောစရာပဲ၊ ဒါပေမဲ့ ရန်သူပြန်ဖြစ်ရလည်း ကျွန်မ မကြောက်ဘူး”

“ဟက်” လင်းဟောက်ချင်း နှာခေါင်းရှုံ့မဲ့သွား၏။ “သေသေချာချာ မစဉ်းစားတာမင်းပဲလို့ ငါထင်တယ်၊ တကယ်လို့ မင်း ကျောင်းရန်ကိုခေါ်သွားမယ်ဆိုရင် ငါတစ်ယောက်တည်းနဲ့ ရန်သူဖြစ်လာမှာမဟုတ်ဘူး၊ မိစ္ဆာတောင်ကြားတစ်ခုလုံးရဲ့ရန်သူဖြစ်သွားမှာ၊ ဒီထက်ပိုဆိုးတာက မင်းသမီးဆွန်းသဲနဲ့ တော်ဝင်ရုံးတော်တစ်ခုလုံးရဲ့ရန်သူပါ ဖြစ်သွားမှာ!” လင်းဟောက်ချင်း သူမ၏မျက်နှာနားသို့ တစ်လှမ်းတိုးလိုက်တယ်။ “မင်းမှာ သူ့ကိုခေါ်သွားနိုင်မယ့်အရည်အချင်းရှိမရှိ စဉ်းစားကြည့်ရအောင်၊ တကယ်လို့ မင်းမှာရှိခဲ့ရင်တောင်မှ ခေါ်သွားနိုင်ရုံနဲ့ အားလုံးပြီးဆုံးသွားပြီလို့ ထင်နေတာလား? မင်းတို့နှစ်ယောက် တကယ်ပဲ လွတ်လပ်သွားမှာတဲ့လား?”

လင်းဟောက်ချင်း ကျီယွင်ဟယ်ကို စကားတစ်ခွန်းနဲ့ပြန်ပက်လိုက်တယ်၊ “နုံအလွန်းတယ်”

“နုံအသည်ဖြစ်စေ မနုံအဘူးဖြစ်စေ ကျွန်မ ဂရုမစိုက်ဘူး” ကျီယွင်ဟယ် ဆိုလိုက်တယ်။ “သူက ပင်လယ်ထဲမှာပဲ နေသင့်တာ၊ ဒီနေရာနဲ့ မအပ်စပ်ဘူးဆိုတာပဲ ကျွန်မသိတယ်”

“သူ့ရဲ့အမြီးကို ခွဲပြီးသွားပြီကို မင်းက သူ ပင်လယ်ထဲမှာပဲနေသင့်တယ်လို့ ထင်နေတုန်းလား?”

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now