အပိုင်း (၄၇) ဆရာတော်ကြီး
အနက်ရောင်အခိုးအငွေ့တွေဟာ လေပြင်းတွေနဲ့အတူ ထွက်ပေါ်လာခဲ့သည်။
ထိုအခိုးအငွေ့က ကျီယွင်ဟယ်၏ခန္ဓာကိုယ်ပေါ်ကဒဏ်ရာတိုင်းဆီ ဝင်ရောက်သွားပြီး သူမကို သွေးတိတ်အောင်လုပ်ပေးရင်း သူမရဲ့အသွေးအသားကို သိသိသာသာကောင်းမွန်စေခဲ့တယ်။
သူမရဲ့အမြီး၉ချောင်းထဲက တစ်ချောင်းဟာ ရှေ့သို့မျောလွင့်လာပြီး သူမရဲ့ခန္ဓာကိုယ်ထဲက မြားတွေအားလုံးကို ဆွဲဖယ်ကာ အောက်သို့ပစ်ချလေသည်။ မြားတွေဟာ မြေပြင်ပေါ်သို့ကျဆင်းသွားတာနဲ့တပြိုင်နက် အနက်ရောင်သဲမှုန်တွေအဖြစ် ပြောင်းလဲသွားပြီး လေနှင့်အတူ လွင့်မျောသွားတော့သည်။
ထိုအမြီးတွေက ကျီယွင်ဟယ့်ကိုလည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်အောင် ဆွဲခေါ်ပေး၏။
သူမရဲ့ဆံနွယ်တွေက လေထဲမှာဗရိုဗရဲ မျောလွင့်လို့နေ၏။
စစ်သည်တွေဟာ အကြောက်တရားကြောင့် တုန်လှုပ်သွားကြသည်။ လေးကြိုးတွေကိုဆွဲမယ့်သူ တစ်ယောက်မှမရှိတော့ဘဲ၊ ထိုအစား၊ သူတို့အားလုံးဟာ လက်လေးတွေတုန်တုန်ရီရီနဲ့ ကျီချန်ယွီ၏နောက်သို့ ရောက်တဲ့အချိန်အထိ နောက်ကိုတစ်လှမ်းချင်း ဆုတ်ကြလေသည်။
ကျီချန်ယွီက ကျူးလင်အပေါ်လက်ဖဝါးလေးနဲ့ ဖိထားဆဲဖြစ်သည်။ သူ့ရဲ့လက်ကို လွှတ်ချလိုက်လို့မရဘူး၊ ဒါကြောင့် သူ ရွေးချယ်စရာမရှိတော့ဘဲ အလှမ်းဝေးဝေးမှာသာ ထိုင်နေရတော့သည်။
သူ လုံးဝနားမလည်နိုင်တော့ဘူး။
ဆရာတော်ကြီးရဲ့အိမ်တော်မှာ နှစ်ပေါင်းများစွာ ပညာသင်ယူစဉ်အတောအတွင်းမှာ မရေမတွက်နိုင်အောင် များပြားလှတဲ့မိစ္ဆာဆရာတွေနဲ့ မိစ္ဆာတွေကို သူ မြင်ဖူးတယ်။ စွမ်းအားအပြင်းထန်ဆုံးမိစ္ဆာတွေတောင်မှ သူတို့ရဲ့မိစ္ဆာအငွေ့အသက်ကို လုံးဝကြီးဖုံးကွယ်ထားဖို့ နည်းလမ်းမရှိဘူး။ နောက်ပြီး မိစ္ဆာဆရာရဲ့သွေးကြောနှစ်စုံက မိစ္ဆာတွေနဲ့ သဘာဝအလျောက်ဆန့်ကျင်ဘက်ဖြစ်နေတာလေ။
ရှေးယခင်ကနေ ယခုလက်ရှိအချိန်အထိ၊ ပုန်းကွယ်သွေးကြောရဲ့ဝိဉာဉ်စွမ်းအင်နဲ့ မိစ္ဆာရဲ့စွမ်းအားနှစ်ခုလုံးကို ပိုင်ဆိုင်တဲ့သူရှိခဲ့ဖူးတယ်လို့ မှတ်တမ်းတစ်ခုမှာမှမရှိခဲ့ဘူး။
YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
FantasyThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...
