အပိုင်း (၇၆) အပြန်လမ်း
နှင်းမုန်တိုင်းကြားထဲကနေ သွေးရူးသွေးတန်း တဟုန်ထိုးပြေးလာတဲ့လူတစ်ယောက်က သူမကို ထွေးပွေ့လိုက်သလို ကျီယွင်ဟယ်ခံစားလိုက်ရ၏။
အသက်ပြင်းပြင်းရှုသံတွေက သူမရဲ့နားတွေထဲမှာပြည့်နှက်လို့သွားတယ်။
နောက်ဆုံး သူမ အသိစိတ်ပြန်ကပ်လာတဲ့အချိန်မှာ ကမ္ဘာကြီးတစ်ခုလုံးဟာ စိတ်ဝမ်းကွဲပြားလို့နေ၏။ သူမ အရာအားလုံးကြားသိနေရသလိုဖြစ်နေပေမဲ့ ဘာတစ်ခုကိုမှလည်း ထိထိမိမိမကြားခဲ့ရဘူး၊ စကားသံတွေက ပြတ်တောင်းပြတ်တောင်းဖြစ်လို့နေသည်။ တစ်ခါတစ်ရံ လော့ကျင်းစန်း၏ငိုသံကိုကြားရတာဖြစ်ပြီး၊ တစ်ခြားအချိန်တွေမှာတော့ ဘုန်းကြီးရဲ့ကြိမ်ဆဲကိုပဲကြားနေရတယ်။ ထို့နောက် လော့ကျင်းစန်းကို နှစ်သိမ့်ပေးနေတဲ့ ချင်းကျီရဲ့အသံကိုလည်း သူမ ကြားလိုက်ရသည်။
အို ဟုတ်သားပဲ… ချင်းကျီ…
သူမ ချင်းကျီကို ပြောစရာရှိသေးတယ်။
ကျီယွင်ဟယ် မျက်လုံးတွေကိုကြိုးစားဖွင့်ကြည့်ပေမဲ့ တောက်ပတဲ့မြူခိုးဖြူတွေကလွဲလို့ ဘာတစ်ခုကိုမှ သူမ မမြင်ခဲ့ရဘူး။ ချင်းကျီ ဘေးနားမှာနားထောင်နေမလားမသိပေမဲ့ သူမ နှုတ်ခမ်းသားလေးတွေကိုဟပြီး အိပ်မက်ထဲမှာမြင်ခဲ့ရသမျှအကြောင်းအရာတွေအားလုံးကို ပြင်းပြင်းထန်ထန် ရေရွတ်ပြောနေမိ၏။
သူမ ကြိုးစားပြောနေစဉ်မှာ လေအေးလေးတစ်ချက်က သူမရဲ့ခန္ဓာကိုယ်ပေါ် ဖြတ်တိုက်သွားပြီး နာကျင်မှုတစ်ချို့ကိုဆွဲယူသွားကာ သူမ အသံထွက်ပြောဖို့ ခွန်အားတွေပေးစွမ်းခဲ့တော့သည်။ “ချင်းကျီ… နင်ရော့ချူး၊ ထောင့်၁၀ထောင့်ဖွဲ့စည်းပုံ… ဆရာတော်ကြီးက သတ်လိုက်တာ…”
ကျီယွင်ဟယ်တစ်ယောက် ကြေကွဲဖွယ်ထိုစကားလုံးတွေကိုပဲ ထပ်ခါတလဲလဲ ရေရွတ်ပြောနေမိ၏။
သူမရဲ့ခန္ဓာကိုယ်ပေါ်ရစ်ပတ်လာတဲ့လေပြေလေးက တရွေ့ရွေ့ပြင်းထန်လို့လာပြီး ယခုချိန်မှာ ကျီယွင်ဟယ် မျက်လုံးတွေတောင် ဖွင့်လာနိုင်ခဲ့ပြီ။

YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
FantasyThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...