အပိုင်း(၄၉) နောက်တစ်ခေါက် အဆိပ်မိခြင်း
“ဟမ်း” ကျီယွင်ဟယ် အသာအယာရယ်မောလိုက်တယ်။ “ဒီကမ္ဘာပေါ်မှာ အသစ်အဆန်းတစ်ခု ရှိနေသေးတာလား?”
ဆရာတော်ကြီးရဲ့ခန္ဓာကိုယ်ဟာ တည့်မတ်လို့သွားပြီး ကျီယွင်ဟယ့်ကို အပေါ်စီးမှကြည့်ကာ ဆိုလိုက်တယ်။ “မင်းပဲလေ”
မိစ္ဆာတစ်ကောင်အဖြစ်ပြောင်းလဲသွားတဲ့ မိစ္ဆာဆရာတစ်ယောက်ဟာ အသစ်အဆန်းဖြစ်နေတာ အမှန်ပင်ဖြစ်သည်။
ကျီယွင်ဟယ် ဆက်မပြောနိုင်တော့ဘူး။
ဆရာတော်ကြီးက ဓါးမြောင်တစ်ချောင်းကိုထုတ်ပြီး လှောင်အိမ်ထဲ ပစ်ပေါက်ပေး၏။
ကျီယွင်ဟယ် ကောက်ယူပြီးမေးလိုက်တယ်၊ “ဆရာတော်ကြီးက ကျွန်မကို သေစေချင်တာလား?”
“သွေးကိုလိုချင်တာ”
သူမ သူ့ကိုလှမ်းကြည့်ပြီး တုန့်ဆိုင်းခြင်းမရှိ လက်ခုံပေါ် လှီးပစ်လိုက်တယ်။ ဓါးဟာ မျှော့ကဲ့သို့ သူမရဲ့သွေးကို သောက်သုံးသွားပြီး အချိန်တိုအတွင်းမှာပဲ နီရဲလာတော့သည်။ ထို့နောက် ကျီယွင်ဟယ် ဓါးမြောင်ကို ပြန်နုတ်ပြီး သူ့ကိုလှမ်းပေးလိုက်တယ်။
သူ ဘာကြောင့် သူမရဲ့သွေးကိုလိုချင်နေတာမှန်း သူမ သိလို့နေ၏။ သူက နှင်းခဲအဆိပ်ကိုတီထွင်ခဲ့တဲ့သူပဲ ဖြစ်တယ်။
မိစ္ဆာဆရာတစ်ယောက်ရဲ့သွေးကြောနှစ်စုံပါဝင်မှုက အရမ်းကိုထူးခြားလွန်း၏။ ထိုအခြင်းအရာက မိစ္ဆာဆရာတွေကို ဝိဉာဉ်စွမ်းအားပေးရုံတင်မက အဆိပ်တွေကိုပါ ယဉ်ပါးအောင်လုပ်နိုင်လေသည်။ ဆရာတော်ကြီးကတော့ မိစ္ဆာဆရာတွေထိခိုက်စေမယ့်အဆိပ်တစ်မျိုးကို တီထွင်နိုင်ခဲ့တယ်။
နှင်းခဲအဆိပ်က သာမာန်လူတွေအတွက် အန္တရာယ်မရှိပေမဲ့ ပုန်းကွယ်သွေးကြောနဲ့လူတွေအတွက်တော့ သေဖွယ်ဖြစ်သည်။ ထိုအဆိပ်နဲ့အတူ ဆရာတော်ကြီးဟာ ကမ္ဘာကြီးရဲ့နေရာချထားမှုတွေကို ပြောင်းလဲပစ်ခဲ့တယ်။ မိစ္ဆာဆရာတွေအုပ်စိုးတဲ့ခေတ်ဟာ ပျောက်ပျက်သွားပြီး တော်ဝင်မိသားစုရဲ့ ဂုဏ်ရှိန်ဝါတွေဟာ ထိပ်ဆုံးသို့ တွန်းတင်ခံခဲ့ရတယ်။
YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
FantasíaThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...
