အပိုင်း (၈၈) နှင်းတောင်ထိပ်

555 53 0
                                        

အပိုင်း (၈၈) နှင်းတောင်ထိပ်

အားကျီ မြောက်ပိုင်းမှာပိတ်မိနေတာ ရက်အတော်ကြာသွားပြီ။ သူမ အတော်လေးစိတ်ဖိစီးနေပြီ။ စောင့်ကြည့်နေတဲ့အစောင့်တွေရဲ့လက်ကနေ လွတ်မြောက်ဖို့ သူမရဲ့အမြီး၄ချောင်းအစွမ်းက လုံလောက်မှာမဟုတ်ဘူးလို့ တွေးမိခဲ့တယ်၊ သို့သော် ခက်ခဲတဲ့ပြဿနာတိုင်းမှာ တီထွင်ကြံဆတဲ့ဖြေရှင်းချက်တွေ ရှိတယ်လေ။

မွန်းတည့်ချိန်မှာ ကျီနင်တစ်ယောက် ဦးခေါင်းကိုစားပွဲမှာမြှုပ်ပြီး နေ့လည်စာတွေ အဝစားသောက်တော့သည်။ သူ့ရဲ့ခန္ဓာကိုယ်က ကြီးထွားနေဆဲမို့ ကောင်းကောင်းစားပြီး ကောင်းကောင်းအိပ်လို့နေတယ်။

သို့ရာတွင် အားကျီကတော့ အစားအသောက်ကိုသိပ်ပြီးစိတ်မပါလှဘူး။ စောင့်ကြည့်ခံရတာကို ရင်ထဲအသည်းထဲကနေကို မုန်းတီးနေခဲ့တာ။ သူမ ဟင်းပွဲအားလုံးကို ကျီနင့်ဆီ တွန်းပို့ပြီးနောက် ပြတင်းပေါက်နားကို လျှောက်သွားလိုက်တယ်။ အလှမ်းဝေးဝေးက နှင်းတောင်တန်းကြီးတွေကိုကြည့်ပြီး သူမရဲ့ဦးခေါင်းထဲကို အကြံအစည်တစ်ခု ရုတ်တရက်ရောက်လာခဲ့တယ်။

သူမ ထခုန်လိုက်ပြီး စားသောက်နေဆဲဖြစ်တဲ့ကျီနင့်ကို ပြတင်းပေါက်နား ဆွဲခေါ်လိုက်သည်။

“ဟိုမှာ၊ ဟိုမှာ!” သူမ တောင်တန်းကြီးတွေကို လက်ညှိုးထိုးညွှန်ပြလိုက်တယ်။ “ဟိုမှာ မြို့တံခါးမရှိဘူး မဟုတ်လား?”

ကျီနင်တစ်ယောက် ပါးစပ်ထဲကအစားအစာကို မျိုချပြီးနောက် သူမညွှန်ပြရာအရပ်ဆီ တစ်ချက်လှမ်းကြည့်လိုက်သည်။ “မြောက်ပိုင်းရဲ့မြောက်အစွန်အဖျားမှာ လူသူကင်းမဲ့တဲ့နှင်းတောကြီးနဲ့ နှင်းတောင်တန်းကြီးတွေပဲရှိတာ၊ အဲ့ဒီကို တစ်ယောက်မှမသွားကြဘူး၊ ဒါကြောင့် အဲ့ဒီမှာ မြို့တံခါးရှိမနေလောက်ဘူး မဟုတ်လား?”

အားကျီ လက်ခုပ်တွေတီးပြီး ချက်ချင်းဆိုလိုက်သည်၊ “သွားသွားသွား”

“ဘယ်ကိုလဲ?”

အားကျီတစ်ယောက် သူ့ရဲ့စိတ်ရှုပ်သွားတဲ့မျက်နှာကိုမြင်ပြီး ရှင်းမပြချင်တော့ဘူး။ “တောင်တက် လေ့ကျင့်ခန်းလုပ်ကြမယ်လေ”

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now