အပိုင်း (၁၀၃) တစ်ယောက်တည်း
လင်းဟောက်ချင်း ကျီယွင်ဟယ့်ဘေးမှာထိုင်ပြီး သူ့အတွက်သူ လက်ဖက်ရည်တစ်ခွက် ဖြည်းဖြည်းညှင်း ငှဲ့ထည့်လေသည်။
“လွန်ခဲ့တဲ့၆နှစ်လောက်က မင်း မိစ္ဆာတောင်ကြားကနေထွက်ခွာသွားတဲ့အချိန်တုန်းက ငါတုိ့ ဒီလိုမျိုး နောက်တစ်ခေါက်အတူထိုင်ပြီး သောက်ဖြစ်ကြလိမ့်မယ်လို့ ငါ တစ်ခါမှမတွေးထားခဲ့ဖူးဘူး” လင်းဟောက်ချင်း လက်ဖက်ရည်တစ်ငုံသောက်လိုက်သည်။ “ဒီနှစ်တွေမှာ မင်း အကျဉ်းကျခံရပြီး နောက်ပိုင်း မြောက်ပိုင်းဆီ ခေါ်ဆောင်သွားခြင်းခံရတဲ့အချိန်မှာ ငါ တောင်ကြားမှာနေပြီး တစ်ခုတည်းကိုပဲလုပ်နေခဲ့တာ”
“နှင်းခဲအဆိပ်အတွက် ဖြေဆေးဖော်နေတာလား?”
“ဟုတ်တယ်၊ ဒါပေမဲ့ အချိန်အကြာကြီးတိုင်အောင် ငါ့ရဲ့ဖော်စပ်မှုကိုကူညီပေးမယ့်အဆိပ်ကို မရနိုင်ခဲ့ဘူး၊ မင်းသမီးဆွန်းသဲက ငါ့ကို မြောက်ပိုင်းဆီသွားဖို့အမိန့်ပေးလာတဲ့အချိန်မှာ ငါ အဲ့ဒီအခွင့်ရေးကိုအသုံးချပြီး သူမဆီကနေ အဆိပ်တစ်ချို့တောင်းယူခဲ့တယ်၊ ကျီယွင်ဟယ် ငါ နှင်းခဲအဆိပ်ရသွားပြီးတဲ့နောက် ဘာတွေရှာတွေ့ခဲ့လဲဆိုတာ မင်းသိလား?”
“ကျွန်မ ဂရုမစိုက်ဘူး လင်းဟောက်ချင်း၊ ကျွန်မ ဒီကိုရောက်လာတာက ချန်ယီ့ကိုကယ်ပေးဖို့ ရှင့်ရဲ့အကူအညီ လာတောင်းတာပဲ၊ တကယ်လို့ ရှင် ဘယ်လိုလုပ်ရမယ်မှန်းမသိဘူးဆိုရင် ကျွန်မဘာသာတစ်ယောက်တည်း သွားမယ်”
လင်းဟောက်ချင်း သူမကို တစ်ချက်မျှကြည့်လေသည်။ “အလောမကြီးနဲ့၊ မင်း ဆုံးဖြတ်ချက်မချသေးခင် ငါပြောမှာကိုနားထောင်” သူ ဆက်ကာပြောလိုက်သည်၊ “ငါ ပါဝင်ပစ္စည်းတွေကိုခွဲခြမ်းလေ့လာတဲ့အချိန်မှာ အဓိကပါဝင်ပစ္စည်းတွေထဲကတစ်ခုအဖြစ်အသုံးပြုတဲ့ ထူးခြားအဆိပ်တစ်မျိုးကိုတွေ့ခဲ့တယ်၊ ငါ ငယ်စဉ်တည်းက လင်းချန်းလန်က ငါ့ကို ဒီအဆိပ်အကြောင်း ထပ်ခါတလဲလဲ ပြောခဲ့ဖူးတယ်”
“လင်းချန်းလန်လည်း နှင်းခဲအဆိပ်ကိုလေ့လာခဲ့တာလား?”
“အဲ့ဒီအဆိပ်ရဲ့ဖြေဆေးအဖြစ်အသုံးပြုလို့ရနိုင်မယ့် ဆေးတစ်မျိုးရှိတယ်လို့ သူ ငါ့ကိုပြောခဲ့တယ်၊ သူ သေသွားပြီးနောက်ပိုင်း ငါ ပထမဆုံးအကြိမ်အဖြစ် သူ့ရဲ့အခန်းထဲ နောက်တစ်ခေါက်သွားပြီး၊ နောက်ပိုင်းမှာ မင်းကိုကယ်နိုင်မယ့်လျှို့ဝှက်ချက်တွေကို ငါ အဲ့ဒီမှာ ရှာတွေ့ခဲ့တယ်”
YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
FantasíaThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...