အပိုင်း (၄၈) ဆရာတော်ကြီးရဲ့အိမ်တော်

648 59 0
                                        

အပိုင်း(၄၈) ဆရာတော်ကြီးရဲ့အိမ်တော်

ထိုနေ့ညကတိုက်ပွဲနဲ့ပတ်သက်ပြီး ကျီယွင်ဟယ်၏မှတ်ဉာဏ်တွေက အတော်လေး ဝေဝါးနေခဲ့သည်။

သူမ အစပိုင်းနဲ့ အဆုံးသတ်ရဲ့အစိတ်အပိုင်းတစ်ချို့ကိုသာ မှတ်မိခဲ့သည်။ နောက်ပြီး သူမ ဆရာတော်ကြီးကို တိုက်ခိုက်တဲ့အချိန်မှာ ပြိုင်ဘက်ကင်းတဲ့သူ့ရဲ့ဝိဉာဉ်စွမ်းအားက သူမရဲ့ခန္ဓာကိုယ်ထဲကအရိုးတိုင်းကိုရိုက်ချိုးပြီး သူမရဲ့အသွေးအသားတိုင်းကို ဆုတ်ဖြဲသွားသကဲ့သို့ သူမ ခံစားလိုက်ရသည်။

သို့သော် ဘယ်လိုပဲဖြစ်ဖြစ် သူမ ပြန်တိုက်ခိုက်ခဲ့တယ်။ သွေးရနံ့တွေက သူမရဲ့အမျက်ဒေါသကို ပို၍ထိန်းချုပ်မရနိုင်အောင်ပဲ ဖြစ်စေခဲ့တယ်။ သူမ လက်နက်တစ်ခုမှမသုံးခဲ့ဘူး၊ ထိုအစား သူမ တကယ့်မိစ္ဆာတစ်ကောင်လို လက်ဗလာနဲ့ လက်သည်းတွေကိုသာ အသုံးပြုပြီး တိုက်ခိုက်ခဲ့သည်။

နောက်ပြီး တိုက်ပွဲအဆုံးသတ်မှာ သူမ,ရှုံးနိမ့်သွားခဲ့တယ်။

သူမ ရှုံးနိမ့်သွားပေမဲ့လည်း (ဆရာတော်ကြီး)သူ့ရဲ့အင်္ကျီလက်စကို ဆွဲဖြဲနိုင်ခဲ့တယ်လေ။

သူမရဲ့လက်ချောင်းထိပ်လေးတွေက သူ့ရဲ့ဝတ်ရုံဖြူပေါ်ကအင်္ကျီလက်စကို ဆုပ်ကိုင်လိုက်တဲ့အချိန်မှာ သူ့ရဲ့ဓါးက သူမရဲ့လည်မျိုဝပေါ်မှာ ထောက်လို့နေပြီ။ သို့သော် သူ သူမကိုမသတ်ခဲ့ဘူး၊ သူမကိုသတိလစ်သွားအောင်ပဲ ရိုက်နှက်ခဲ့တယ်။

အရှက်ရဖွယ်ရှုံးနိမ့်မှုကြီးပဲ။

သို့သော် ဒါက ကျီယွင်ဟယ် လှုပ်ရှားမှုပြုလိုက်တဲ့အချိန်တည်းက မျှော်မှန်းထားတဲ့ရလဒ်ပဲဖြစ်သည်။

ဆရာတော်ကြီးက ဘယ်သူမို့လဲ? လွန်ခဲ့တဲ့နှစ်ပေါင်း၁၀၀ကျော် မိစ္ဆာဆရာတွေကြီးစိုးတဲ့ခေတ်ကနေ ရောက်ရှိလာတဲ့လူတစ်ယောက်ဖြစ်ပြီး ထိုအချိန်တည်းက အထွဋ်အထိပ်မှာ ရပ်တည်လာတဲ့ လူတစ်ယောက်ဖြစ်တယ်။

ယနေ့ထိတိုင် တကိုယ်တည်းရပ်တည်နေတာ...

သူ့ရဲ့အသက်ဘယ်လောက်ရှိပြီမှန်း ဘယ်သူမှ မသိကြဘူး၊ သို့သော် သူ့ရဲ့မျက်နှာကတော့ လွန်ခဲ့တဲ့ရာစုနှစ်ကအတိုင်း မပြောင်းလဲခဲ့ဘူး။ အချိန်ကတောင် သူ့အပေါ်မသက်ရောက်နိုင်တော့တဲ့ အခြေအနေထိ သူ့ရဲ့စွမ်းအားတွေနဲ့ ကျင့်စဉ်တွေတိုးတက်လာခဲ့ပြီလို့ပဲ ခန့်မှန်းနိုင်ခဲ့တယ်။

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now