အပိုင်း (၁၃) နတ်ဘုရားတစ်ပါးကဲ့သို့
အနက်ရောင်သံလှောင်အိမ်ဟာ ချိုးဖျက်လို့မရပေမဲ့ ကံကောင်းစွာနဲ့ လှောင်အိမ်ရဲ့သံတန်းတွေနဲ့ ကျောက်တုံးနံရံကိုချိတ်ဆက်ထားတဲ့နေရာက သိပ်မမြဲခဲ့ဘူး။
ကျီယွင်ဟယ် ဓါးနဲ့ ကျောက်တုံးတွေကိုထွင်းလိုက်တော့ အားသိပ်မသုံးလိုက်ရဘဲ အပေါက်တစ်ပေါက် ဖြစ်လို့သွားသည်။ ချောက်နက်အတွင်းသို့ ကျောက်စရစ်တွေနဲ့ ဖုန်မှုန့်တစ်ချို့ ကျဆင်းလာခဲ့တယ်၊ တစ်ချို့က လှောင်အိမ်အတွင်းသို့ ပြုတ်ကျသွား၏။ ကျီယွင်ဟယ် အပေါက်ကနေ ချောင်းကြည့်လိုက်တော့ ကျောင်းရန်တစ်ယောက် တစ်စက်လေးမှ လှုပ်မလာတာကိုတွေ့လိုက်ရသည်။ သူ့ရဲ့အမြီးကြီးကို ဖြန့်ကားလျက် ထိုနေရာမှာပဲ ထိုင်မြဲထိုင်နေခဲ့တာ၊ သူ့အပေါ်ကျလာတဲ့ဖုန်မှုန့်တွေကိုတောင် ခါထုတ်ဖို့ ဒုက္ခခံမနေဘူး။
သူ ခေါင်းမော့ပြီး ချင့်ချိန်စဉ်းစားသလိုလို၊ သိချင်စိတ်ပြင်းပြသလိုလိုအကြည့်မျိုးနဲ့ ကျီယွင်ဟယ်ကို ကြည့်၍လာခဲ့ပေမဲ့ အချိန်တော်တော်များများမှာတော့ ခံစားချက်မရှိဘဲတည်ငြိမ်နေ၏။
သူမကတော့ ဒီမှာ ချွေးထွက်တဲ့အထိ အပေါက်ဖောက်နေရတာ၊ မျက်နှာဟာလည်း ဖုန်မှုန့်တွေနဲ့ ဖုံးလွှမ်းနေပြီ၊ သို့သော် သူကတော့ လုံးဝကိုအေးအေးဆေးဆေး ကြည့်နေခဲ့တာ။ သူမ အတော်လေး ရယ်ချင်သွားတယ်။
“အိုးကမပူ စလောင်းကပူနေပြန်ရော အမြီးကြီးနဲ့ငါး ရှင် ထွက်မလာချင်တော့တာလား?”
ကျောင်းရန် ခေါင်းကိုစောင်းပြီး အနည်းငယ်စိတ်ရှုပ်သွားတဲ့ပုံနဲ့ ကြည့်လာလေ၏။ ကြည့်ရတာ သူက ကျီယွင်ဟယ်လုပ်နေတဲ့အရာကို တွေးတောစဉ်းစားနေတဲ့့ပုံပဲ။
ကျီယွင်ဟယ် သက်ပြင်းချပြီး ဒီကောင်က ချောမောပြီး စွမ်းအားကြီးလှပေမဲ့ သူ့ရဲ့ဦးနှောက်က တော်တော်လေးဒူတာပဲလို့… တွေးတောနေမိ၏။
ဒါကြောင့်လည်း သူအဖမ်းခံရတာပေါ့ ဟုတ်တယ်မလား?
“ထားလိုက်ပါတော့” ကျီယွင်ဟယ်ငုံ့ပြီး သူမထွင်းထားတဲ့အပေါက်ထဲ လက်တစ်ဖက်ဆန့်ထုတ်ပေးလိုက်တယ်။ “လာ ကျွန်မ ရှင့်ကိုဆွဲထုတ်ပေးမယ်”
YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
FantasyThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...
