အပိုင်း (၁၁၀) ဆန္ဒ
ချန်ယီ အချိန်အကြာကြီး အိပ်ပျော်သွားခဲ့တယ်။ နိုးထလာပြီးနောက် သူ့ရဲ့ရှေ့က အနက်ရောင် မြေခွေးမီးတောက်ကိုကြည့်ပြီး ဘာတွေဖြစ်ခဲ့မှန်း သဘောပေါက်သွားခဲ့သည်။
သူ ကျီယွင်ဟယ့်ကို လှမ်းကြည့်လိုက်တယ်။
သူမ တစ်ညလုံးစောင့်နေရတော့ မျက်လုံးလေးတွေ နီရဲနေပြီ။
သူမတို့နှစ်ဦး တစ်ဦးကိုတစ်ဦး တိတ်တဆိတ်စူးစိုက်ကြည့်နေမိကြ၏။ ဘာကြောင့် ရုတ်ချည်း မေ့မြောသွားလဲဆိုတာ သူ ရှင်းမပြခဲ့ဘူး။ ဒီအမြီးကြီးနဲ့ငါးဟာ အလိမ်အညာတွေကိုမပြောနိုင်ဘူးလေ၊ နောက်ပြီး ကျီယွင်ဟယ်ကလည်း သူ့ကို ဖိအားမပေးချင်ခဲ့ဘူး။
သူမ နောက်ဆုံးတော့ ပြုံးပြပြီး တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သည်၊ “မိုးတောင်လင်းတော့မယ်” သူမ တည်ငြိမ်ဟန်ဆောင်ပြီး စိတ်အေးလက်အေးနေလိုက်သည်။ “အမြီးကြီးနဲ့ငါး ရှင်နဲ့ကုန်ဆုံးရတဲ့အချိန်တွေက အရမ်းကိုမြန်လွန်းတာပဲ”
ချန်ယီ အောက်ကိုငုံ့လိုက်တော့ သူ့ရဲ့မျက်တောင်ရှည်ကြီးတွေက မျက်လုံးတွေကိုဖံုံးကွယ်သွား၏။ သူ ဘာတစ်ခုမှမဆိုဘဲ ကျီယွင်ဟယ့်ကို ရင်ခွင်ထဲသို့ ညင်သာစွာထွေးပွေ့လိုက်သည်။
ဖျော့တော့သွားတဲ့လမင်းကြီးအောက်မှာ သူတို့နှစ်ဦး အချင်းချင်းပူးကပ်နေကြ၏။
မိုးကုပ်စက်ဝိုင်းပေါ်မှာ နေမင်းကြီးထွက်ပေါ်လာတဲ့အချိန်မှပဲ သူမတို့နှစ်ဦး လက်တွေ့ဘဝဆီ ပြန်ရောက်လာကြတော့သည်။
ကျီယွင်ဟယ် သူ့ရဲ့ရင်ခွင်ထဲမှထွက်ပြီး သူ့ရဲ့ငွေရောင်ဆံနွယ်တစ်မျှင်ကို သူမ၏လက်ချောင်းလေးတစ်ဝိုက်မှာ လိမ်ပစ်လိုက်တယ်။ “ရှင် မြို့ဆီပြန်ဖို့အချိန်ကျပြီ” သူမ သူ့ရဲ့ဆံနွယ်လေးကိုလွှတ်ပေးရင်း ဆိုလိုက်သည်။
ချန်ယီ ခေါင်းညိမ့်ပြီး မတ်တပ်ထရပ်တော့သည်။ “ကိုယ်ပြန်သွားပြီး နယ်စပ်မှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ခုန်းမင်နဲ့ ဆွေးနွေးကြည့်မယ်၊ ဒီရက်ပိုင်းအတွင်း ဖြေရှင်းချက်တစ်ချို့ ထွက်လာနိုင်မယ်” သူ ခဏမျှတန့်သွားပြီးနောက် ဖြည့်စွက်ပြော၏၊ “ဘေးကင်းအောင်နေ”
![](https://img.wattpad.com/cover/272938355-288-k236981.jpg)
YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
FantasyThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...