အပိုင်း (၁၀၇) မိတ်ဆွေဟောင်း

510 49 1
                                        

အပိုင်း (၁၀၇) မိတ်ဆွေဟောင်း

ကျီယွင်ဟယ်တစ်ယောက် ရင်းနှီးကျွမ်းဝင်လှတဲ့အပြင်အဆင်အတွင်းက တိမ်စိုင်တစ်ခုပေါ်မှာရပ်လို့နေပေမဲ့ ဒီအကြိမ်မှာတော့ သူမ အဖြူရောင်ဝတ်စုံနဲ့အမျိုးသမီးကို မမြင်နိုင်တော့ဘူး။

"နင်ရှီးယွီလား?" ကျီယွင်ဟယ် သူမရဲ့နာမည်ကို လှမ်းအော်ခေါ်လိုက်ပေမဲ့ တုန့်ပြန်သံတစ်ခုမှ မကြားခဲ့ဘူး။

သူမ လှည့်ထွက်သွားဖို့လုပ်လိုက်တဲ့အချိန်မှာ လေပြေလေးက သူမ၏နားရွက်နားကို ညင်သာစွာ တိုက်ခတ်လာတယ်။ "ငါ့ရဲ့အစွမ်းတွေ ကုန်ဆုံးသွားပြီ"

ဘေးပတ်လည်ကတိမ်စိုင်တွေအားလုံးဟာ ဖျော့တော့သွားပြီး ကျီယွင်ဟယ် ဟင်းလင်းပြင်ကြီးထဲမှာ ရပ်နေမိမှန်း သိသွား၏။

"သူ့ရဲ့စွမ်းအားတွေကို ဆွန်းသဲစုပ်ယူသွားပြီ၊ နောင်ဆက်ဖြစ်လာမယ့်အရာတွေကို မင်းတို့ဘာသာမင်းတို့ပဲ ကိုင်တွယ်ရတော့မယ်..."

လေပြေလေးဟာ သူမ၏ဆံနွယ်တွေကို ဖွာလန်ကြဲသွားစေပြီး ပျောက်ကွယ်သွား၏။

"ငါ တောင်းပန်ပါတယ်..." အသံဟာ ဖျော့တော့ပြီးပျောက်ကွယ်သွားတော့သည်။

ကျီယွင်ဟယ် ခြေကုပ်စရာမရှိတော့ဘဲ ပြုတ်ကျသွားခဲ့သည်။

သူမ မျက်လုံးတွေကိုဖွင့်လိုက်တယ်။

သူမ အိပ်မက်မှနိုးထလာမှန်း သဘောပေါက်သွားဖို့အတွက် အချိန်အတော်ကြာယူခဲ့ရတယ်။ သူမ နဖူးလေးကိုပွတ်ပြီး ထထိုင်လိုက်တယ်၊ ထို့နောက် သူမဆီသို့ ရေခွက်တစ်ခွက် ကမ်းပေးလာသည်။ ကျီယွင်ဟယ် ခေါင်းလေးလှည့်ပြီးကြည့်လိုက်တော့ အံ့အားသင့်မှင်သက်သွား၏။

"ရွှယ်... ရွှယ်ရှင်ကျွင်းလား?"

ရွှယ်ရှင်ကျွင်း ပြုံးပြလိုက်တော့သည်၊ "ငါ ထွက်သွားတာ အရမ်းကြာသွားလို့လား? နင် ငါ့ကိုမေ့သွားပြီလား? အရမ်းကိုအကြင်နာတရားကင်းမဲ့လိုက်တာ"

"..."

"နင်တို့ကို မြို့တော်ကနေပြန်ခေါ်လာတဲ့သူက မမရှင်ကျွင်းပဲ" လော့ကျင်းစန်းပြောရင်း ကျီယွင်ဟယ့်အိပ်ရာဘေးသို့ ထိုင်ချလိုက်သည်။ "ငါ သေလောက်အောင်ကို စိတ်ပူနေခဲ့တာ! ငါ မြောက်ပိုင်းဆီပြန်ရောက်ပြီး အကူအညီတောင်းဖို့အခွင့်ရေးတောင် မရသေးခင် ဆွန်းသဲက ငါးကြီးကိုဖမ်းသွားပြီလို့ ကြားလိုက်ရတယ်၊ ငါနဲ့ ဘုန်းကြီးတို့ အစီအစဉ်တွေဆွဲရင်း အလုပ်ရှုပ်နေကြတုန်း သူမ နင်တို့ကို ပြန်ခေါ်လာတယ်၊ ငါ ဘာမှမလုပ်လိုက်ရဘူး"

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now