အခန်း (၇) ကြမ်းတမ်းသူ? ရှက်တတ်သူ?
ကျောင်းရန်တစ်ယောက်ဟာ တိုက်ခိုက်မှုမှာ သူ့ရဲ့အစွမ်းအကုန်လုံးကိုအသုံးပြုခဲ့တာ။ အခုတော့ မလှုပ်မရှားနဲ့ ထိုနေရာမှာပဲ ချိတ်ဆွဲခံရပြီး မိုးကြိုးသွားကလည်း သူ့ကိုဆက်ကာရိုက်နှက်နေဆဲဖြစ်သည်။
လက်ရှိအချိန်မှာတော့ လူတွေအားလုံးက လင်းဟောက်ချင်းနဲ့ သူ့ရဲ့ဒဏ်ရာအပေါ်မှာပဲ စိတ်ရောက်နေခဲ့ကြတာ၊ မိုးကြိုးသွားစက်ကို ဆက်ပြီးဖွင့်ထားတုန်းဆိုတာ တစ်ယောက်မှသတိပြုမိတဲ့ပုံမပေါ်ဘူး။
“တောင်ကြားသခင်လေး ဒီနေရာက အန္တရာယ်များတယ် ကျောက်တုံးတွေနဲ့ အုတ်တွေ ပြိုကျနေတုန်းပဲ… ကျွန်တော်တို့ ဒီကနေအရင်ထွက်သွားကြရအောင်လား?”
လင်းဟောက်ချင်းတစ်ယောက် သူ့ရဲ့ကုသရေးလမ်းစဉ်ပေါ်မှာပဲ အာရုံစိုက်နေခဲ့ပြီးနောက် ခေါင်းထောင်ပြီး
လှောင်အိမ်ထဲကကြွက်လိုမိစ္ဆာကောင်ကို ဒေါသတကြီး စူးစိုက်ကြည့်လေသည်။
“လှောင်အိမ်ပြန်ပြင်ဖို့ လာကြ” သူ အမိန့်ပေးပြီးနောက် လှည့်ကာထွက်သွားတော့သည်။ လှည့်ထွက်သွားစဉ်မှာ သူ့ရဲ့မျက်ဝန်းတစ်စုံက တောင်တန်းကြီးတစ်ခုလို တည်တည်ငြိမ်ငြိမ်နဲ့ ဘေးမှာပဲထိုင်မြဲရှိနေတဲ့ကျီယွင်ဟယ်ဆီ ကျရောက်လာခဲ့တယ်။
“ကြီးကြပ်ရေးမှုးရော မပြန်သေးဘူးလား?”
“သူ နောက်ထပ် လှုပ်ရှားမှုထပ်လုပ်လာမလားမသိတာမို့ ကျွန်မ ဒီမှာပဲ နည်းနည်းကြာအောင်နေပြီး သူ့ကိုစောင့်ကြည့်လိုက်ဦးမယ်” နောက်ဆုံးတော့ ကျီယွင်ဟယ်တစ်ယောက် သူမရဲ့မျက်ဝန်းတစ်စုံကို ကျောင်းရန်ဆီမှရွှေ့ပြီး လင်းဟောက်ချင်းဆီသို့ လှည့်ကြည့်လိုက်တော့သည်။ “တောင်ကြားသခင်လေးက ရွှေမြားကြောင့် ဒဏ်ရာရထားတာပဲ ရွှေမြားပေါ်ကမန္တန်အစွမ်းက အရမ်းကိုစွမ်းအားကြီးတာမို့ အခြေအနေဆိုးမလာသေးခင် မြန်မြန်ပြန်ပြီး ကုသမှုခံယူပါ”
“ဒါဆို ကြီးကြပ်ရေးမှုးလည်း သတိထားပါဦး” လင်းဟောက်ချင်းတစ်ယောက် သူ့ရဲ့ဘေးက လက်ထောက်နှစ်ယောက်ကို လှည့်ကာကြည့်လေသည်။ “မင်းတို့နှစ်ယောက်က သူမကိုကာကွယ်ပေးဖို့ ဒီမှာနေခဲ့ကြ တကယ်လို့များ ဒီမိစ္ဆာကောင်က ထပ်ပြီးလှုပ်ရှားမှုပြုရဲရင် ငါ့ကိုချက်ချင်းအကြောင်းလာကြား”
YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
ФэнтезиThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...
