အပိုင်း (၇၉) အားကျီ

673 52 0
                                        

အပိုင်း (၇၉) အားကျီ

ကမ္ဘာမြေကြီးပေါ်မှာ လပြည့်ဝန်းကြီး ထိန်ထိန်သာနေခဲ့သည်။

အလှမ်းဝေးဝေးတောင်တန်းတွေဟာ နှင်းတွေနဲ့အတူ ဖုံးလွှမ်းသွားပြီး၊ အနီးအနားကရေကန်ငယ်လေးဟာ ရေခဲထုနှင့်အတူ အေးခဲနေခဲ့သည်။ ချမ်းစိမ့်ပေမဲ့ လှပတဲ့လရောင်အောက်မှာ ရေကန်ငယ်လေးဟာ ကြောက်မက်ဖွယ်အပြာရောင်အလင်းတန်းတစ်ခုကို ထုတ်လွှင့်လို့နေ၏။

အနက်ရောင်ဝတ်စုံနဲ့အမျိုးသားဟာ အေးခဲနေတဲ့ရေကန်မျက်နှာပြင်ပေါ်မှာ တစ်ဦးတည်း လျှောက်လှမ်းနေခဲ့သည်။ တစ်ခြားနေရာတွေကဲ့သို့ သာမာန်ပုံစံပေါ်နေသည့်ရေခဲပြင်ပေါ်မှာ သူ ရပ်တန့်သွားခဲ့သည်။ ခြုံလွှာထဲမှ ဓါးလေးတစ်ချောင်းနဲ့အတူ သူ့ရဲ့လက်လေးကိုဆန့်ထုတ်ပြီး အောက်ဘက်ကရေခဲပြင်ကို ခုတ်ပစ်လိုက်သည်။

သူ နောက်သို့ခြေ၂လှမ်းဆုတ်ပြီး၊ သူ့ရဲ့ရှေ့ကရေခဲပြင် ဖြည်းဖြည်းချင်း ၂ခြမ်းကွဲ၍ ရက်ဖျင်ထည်ကဲ့သို့ ကွဲအက်သွားကာ အောက်ဘက်မှရေတွေထွက်ပေါ်လာတာကို စောင့်ကြည့်နေမိ၏။

ခြုံလွှာအောက်ကမျက်လုံးတွေက ရေနက်ထဲသို့ လှမ်းကြည့်နေခဲ့သည်။ ဖျော့တော့တဲ့အလင်းရောင်လေးကို ရေကန်ကြမ်းပြင်မှာ လှမ်းမြင်နေရ၏။

သူ ရေထဲသို့ဆင်းသက်သွားလိုက်သည်။ ရေတွေက သူ့ရဲ့ခြုံလွှာကိုအပေါ်သို့တွန်းတင်ပစ်လိုက်တာမို့ သူ့ရဲ့မျက်နှာလေး ထွက်ပေါ်လာခဲ့သည်။

လင်းဟောက်ချင်း။

လရောင်မထွန်းလင်းတဲ့အမှောင်ထုထဲမှာ ဖျော့တော့တဲ့အလင်းရောင်လေးဆီ သူ ဦးတည်ခဲ့ပြီး နောက်ဆုံးတော့ ရေကန်ကြမ်းပြင်ပေါ်မှာ ခြေချဆင်းသက်လိုက်သည်။

သူ့ရဲ့လက်ထဲမှာမှော်ပညာလေးအပိုင်းအစလေးတစ်ခုနဲ့အတူ လက်ချောင်းတွေဆီမှအလင်းရောင်ဟာ ဘေးပတ်ချာလည် ထွန်းလင်းတောက်ပသွား၏။ အပြာရောင်ရေခဲလွှာတွေအောက်မှာ အေးခဲနေတဲ့အမျိုးသမီး တစ်ယောက်ဟာလည်း ထိန်လင်းသွားခဲ့သည်။

ရေပြင်ဟာကြည်လင်ပြီး ထိုးဖောက်မြင်နေရတာကြောင့် အလင်းရောင်လေးနည်းနည်းမျှဖြင့် သူမရဲ့မျက်နှာနဲ့ သူမရဲ့ပါးပြင်ဘေးကပုလဲလုံးကို လှမ်းမြင်နေရ၏။

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now