အပိုင်း (၂၃) အမြီးကိုနှစ်ခြမ်းခွဲခြင်း
ညဉ့်နက်လာသည်နှင့်အမျှ ကျီယွင်ဟယ် ချန်ယီဆီသို့ သွားချင်လာခဲ့တယ်။ သို့သော် သူမ ခြံပြင်ကိုထွက်လိုက်တာနဲ့ စောင့်ကြပ်နေတဲ့မိစ္ဆာဆရာနှစ်ယောက် ထွက်ပေါ်လာခဲ့သည်။
သူတို့ သူမကို တားဆီးကြ၏။ “ကြီးကြပ်ရေးမှုး တောင်ကြားသခင်ကြီးက မင်းကို ရက်ပိုင်းလောက် အနားယူစေချင်တာ၊ သူစိတ်ပျက်သွားအောင် မင်းမလုပ်ဖို့ ငါတို့မျှော်လင့်မိပါတယ်”
“ကျွန်မ အိမ်ထဲမှာနေရတာပျင်းလာပြီ၊ လမ်းထွက်လျှောက်တာကလည်း အနားယူခြင်းလို့ သတ်မှတ်လို့ရပါတယ်” ကျီယွင်ဟယ် အစောင့်တစ်ဦး၏လက်ကို ဘေးသို့တွန်းဖယ်ပြီး ရှေ့သို့တစ်လှမ်းတိုးလိုက်ပေမဲ့ သူတို့က သူမကို ထပ်မံပိတ်ဆို့လာပြန်သည်။
“ကြီးကြပ်ရေးမှုး တောင်ကြားသခင်ကြီးက မင်းကို အိမ်ထဲမှာပဲ အနားယူစေချင်တာ”
ကျီယွင်ဟယ် သူတို့ကို မျက်စိဒေါက်ထောက်ကြည့်ပြီး အသက်ရှိုက်ရှုကာ လှောင်ပြောင်သရော်လိုက်တယ်။ လင်းချန်းလန် ဒီမြေခွေးအိုကြီးက စိတ်သဘောထားသေးသိမ်လွန်းသည်။ သူမ ဒီနေ့ခန်းမထဲမှာ တောင်းဆိုမှုတစ်ခုပြုခဲ့တာကြောင့် သူမအပေါ် အညှိုးထားနေတုန်းပဲ၊ ဒါကြောင့် သူမကို အိမ်ထဲမှာအကျယ်ချုပ်ထားဖို့ ကျပန်းဆင်ခြေတစ်ခုထုတ်လိုက်တာ ဖြစ်လောက်တယ်။
“ဒါဆို သခင်ကြီးရဲ့အဆိုအတိုင်းဆိုရင် ကျွန်မ ဘယ်လောက်ကြာကြာအနားယူရမှာလဲ?”
“သခင်ကြီးရဲ့ရည်ရွယ်ချက်ကို ငါတို့ မခန့်မှန်းရဲပါဘူး”
နှုတ်ခမ်းတွေကိုတင်းတင်းကျပ်ကျပ်စေ့လျက်…။
ကျီယွင်ဟယ် ခေါင်းညိမ့်ပြီး “ကောင်းပြီ”။ သူမ ခြံတံခါးကိုခပ်ကျယ်ကျယ် ဖွင့်ထားခဲ့ပြီး အိမ်အတွင်းသို့ ပြန်ဝင်လာခဲ့တယ်။ ထို့နောက် အိမ်တံခါးကိုထပ်မပိတ်ဘဲ အတွင်းခန်းထဲသို့ လျှောက်ဝင်လာပြီး၊ သေတ္တာတစ်ချို့ကို လှန်လှောရှာဖွေတော့သည်။
တံခါးဝမှလူနှစ်ဦးဟာ ရှုပ်ထွေးနေတဲ့မျက်နှာတွေနဲ့ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပေမဲ့ သူတို့ ဘာတစ်ခွန်းမှပြန်မပြောခဲ့ဘူး။
YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
ФэнтезиThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...
