အပိုင်း (၂၄) အတိတ်ကကိစ္စရပ်တွေ

581 74 1
                                    

အပိုင်း (၂၄) အတိတ်ကကိစ္စရပ်တွေ

လင်းဟောက်ချင်း၏စကားလုံးတွေက ကျီယွင်ဟယ်၏လက်သီးဆုပ်လေးကို သူ့ရဲ့မျက်နှာအပေါ် ပြန်မတင်ဖြစ်အောင် လုပ်နိုင်စွမ်းရှိ၏။

သူ ဘာကြောင့်ဒီလိုပုံစံမျိုးဖြစ်လာတာမှန်း သူမ ကောင်းကောင်းကြီးသိနေပါတယ်။

ကျီယွင်ဟယ် ကြောင်အမ်းအမ်းဖြစ်သွားစဉ်မှာ လင်းဟောက်ချင်း သူမကို သူ့ကိုယ်ပေါ်မှ ပင့်မလိုက်တယ်။ နှုတ်ခမ်းထောင့်ကသွေးတွေကိုသုတ်ပြီး နံရံဆီငေးကြည့်ပြီးနောက် ကျယ်လောင်စွာရယ်မောလေသည်။

“ကြီးကြပ်ရေးမှုး” လင်းဟောက်ချင်း နောက်ကျောကိုဆန့်ပြီး မြေပြင်ပေါ်မှာ ထိုင်နေဆဲဖြစ်သည့် ကျီယွင်ဟယ်ကို ဟိတ်ဟန်ကြီးစွာလှမ်းကြည့်လိုက်တယ်။ “သူ့ရဲ့အသွင်ပြောင်းပုံ ပြီးစီးသွားပြီ၊ မင်း သူနဲ့ဆက်တွဲချင်ရင်လည်း ဆက်တွဲပေါ့”

လင်းဟောက်ချင်း ပါးစပ်ကိုအုပ်ပြီး ချောင်းနှစ်ချက်ဟန့်ကာ ခုနတုန်းကအထိုးခံလိုက်ရတာကို ဂရုမစိုက်ခဲ့ဘူး။ သူ တံခါးကိုဖွင့်ပြီး ထွက်သွားခဲ့တယ်။

ဒုတိယပွဲမှာ အနိုင်ရဖို့ကလွဲ၍ သူ ဘာတစ်ခုမှ ဂရုစိုက်ပုံမပေါ်ခဲ့ဘူး။

သူ သူမကိုအနိုင်ရချင်ရုံသက်သက်ပါ။ သူတို့ကလေးဘဝတည်းက အရာအားလုံးမှာ သူ့ထက်ပိုတော်တဲ့ ကြီးကြပ်ရေးမှုးကို အနိုင်ရချင်ခဲ့တာ။

သူမကိုအနိုင်ရခြင်းက သူပျော်ရွှင်စေဖို့ လုံလောက်ပြီလေ။

သူ့ရဲ့စိတ်ထဲမှာ ကျီယွင်ဟယ်၏ဒေါသက အရှုံးသမားတစ်ဦး၏နာကျည်းမှုသာဖြစ်သည်။ သူမ ဒေါသပိုကြီးလာလေလေ၊ သူ ပိုပျော်လာလေလေပဲ။

လင်းဟောက်ချင်း မျက်နှာပေါ်မှာ အပြုံးတစ်ခုဆင်မြန်းရင်း မြေအောက်အကျဉ်းထောင်မှ ထွက်သွားစဉ် ကျီယွင်ဟယ်ကတော့ နံရံပေါ်ကချန်ယီကိုသာ ကြည့်နေမိ၏။

အသွင်ပြောင်းမှု ပြီးစီးသွားပြီ။

သာမာန်ယောက်ျားတစ်ဦး၏ခြေထောက်တွေ၊ သူတို့ရဲ့အင်္ဂါရပ်တွေအားလုံးနဲ့အတူ နံရံပေါ်မှာ သူ ဗလာကျင်း ချိတ်ဆွဲခံထားရတယ်။ ကြီးမားလှပတဲ့သူ့ရဲ့အမြီးကြီးကတော့ ပျောက်ကွယ်သွားပြီး ဘယ်တော့မှ ပြန်ထွက်လာမှာမဟုတ်တော့ဘူး။

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now