အပိုင်း (၉၀) ရဲစွမ်းသတ္တိ
နှင်းတောင်ပြိုမှုက တောအုပ်ကြီးကို နှင်းခြုံလွှာအောက်မှာ ဖုံးအုပ်ပစ်လိုက်ပေမဲ့ နှင်းခြုံလွှာကြီးဟာ အောက်ဘက်ကသတ္ထုချော်ရည်တွေကြောင့် လျင်မြန်စွာအရည်ပျော်သွားကြသည်။
သတ္ထုချော်ရည်တွေက ပိုပြီးအားကောင်းလာကြ၏။ တောင်တန်းကြီးတွေ တုန်ခါပြီး ပြိုကျလာကာ နှင်းပြိုမှုတွေထပ်ပြီးဖြစ်ပွားလာခဲ့တယ်။ အနက်ရောင်အခိုးအငွေ့တွေ လေထုထဲပြည့်နှက်သွားတော့သည်။ ဒီအတိုင်းဆက်သွားမယ်ဆိုရင် မြောက်ပိုင်းတစ်ခုလုံးလည်း ဒုက္ခရောက်သွားနိုင်တယ်။
နောက်ပြီး တောင်ပိုင်းနယ်စပ်ဆီကနေ လူတွေအများကြီး ဝင်ရောက်လာကြတုန်းပဲ…
အားကျီ၏မျက်နှာဟာ မှေးမှိန်သွားတော့သည်။ “ဘာလို့ ဒီလိုရုတ်တရက်ကြီး ထဖြစ်တာလဲ? ဒါက တော်ဝင်ရုံးတော်ရဲ့အကြံစည်လုပ်ရပ် ဖြစ်နိုင်မလား?”
“ဆရာတော်ကြီးတောင်မှ သဘာဝရဲ့စွမ်းအားကို အလိုရှိသလို ထိန်းချုပ်လို့မရနိုင်မှာကို ငါစိုးရိမ်မိတယ်၊ နောက်ပြီး ဒါက သာမာန်သတ္ထုချော်ရည်မဟုတ်ဘူး”
“ချော်ရည်တွေမှာ သာမာန်နဲ့ ထူးခြားတဲ့ပုံပန်းသဏ္ဍာန်ဆိုပြီး ကွဲသေးတာလား?”
“ပင်လယ်ရပ်ခြားမှာ ကောင်းကင်ယံထိမြင့်တက်နေတဲ့ တောင်ကြီးတစ်ခုကလွဲပြီး ဘာတစ်ခုမှမရှိတဲ့ မိုးကြိုးမီးဆိုတဲ့ နာမည်ကျော်ကျွန်းတစ်ကျွန်းရှိတယ်၊ အဲ့ဒီတောင်ထိပ်မှာ သွေးထက်တောင်နီရဲတဲ့ချော်ရည်တွေ အစဉ်အမြဲ ပေါက်ကွဲထွက်လေ့ရှိတယ်၊ အဲ့ဒီချော်ရည်တွေက ငရဲမီးနဲ့လုပ်ထားတာဖြစ်တာမို့ ကမ္ဘာပေါ်ကဘယ်အရာကိုမဆို လောင်ကျွမ်းပစ်နိုင်တယ်လို့ ဆိုကြတယ်”
အားကျီ တအံ့တသြနားထောင်နေမိ၏။ “ရှင် ဒါကိုဘယ်ကနေကြားလာတာလဲ?”
“ပင်လယ်ကနေ” သူ စကားပြောတာရပ်ပြီး အားကျီကိုပွေ့ကာ ရှေ့သို့လေဟုန်စီးနှင်းလိုက်သည်။ သူက အားကျီတစ်ယောက်တည်း ပျံသန်းတာထက်တောင် ပိုပြီးမြန်ဆန်နေခဲ့တယ်။ လေအေးလေးတစ်ချက် သူမ၏မျက်နှာပေါ် တိုက်ခတ်လာတော့ သူမ ခေါင်းကိုငုံ့ပစ်လိုက်သည်။ သူမ သူ့ရဲ့ခြေထောက်တွေကို တွေ့လိုက်ရပြီးနောက် အလွန်တရာမှချောမောလှပတဲ့ သူ့ရဲ့မျက်နှာလေးကို နောက်တစ်ဖန် ထပ်မော့ကြည့်လိုက်သည်။
YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
FantasyThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...