အပိုင်း (၁၁၇) ရုပ်သေးရုပ်စစ်တပ်ကြီး
မင်းသမီးဆွန်းသဲရောက်ရှိလာမှုက သူမတို့မျှော်မှန်းထားတာထက် အများကြီးပိုပြီးမြန်ဆန်ခဲ့သည်။
အပြင်ဘက်ကောင်းကင်ယံဟာ သွေးနီရောင်တွေနဲ့ တောက်လောင်နေပြီ။
ခုန်းမင် မျက်မှောင်ကြုတ်ပြီး တံခါးဆီ ချက်ချင်းထွက်သွား၏၊ လော့ကျင်းစန်းလည်း အနောက်မှ ကပ်လျက်လိုက်ပါသွားသည်။
သိပ်မကြာခင်အချိန်လေးမှာ မြို့ထဲက မရေမတွက်နိုင်အောင်များပြားတဲ့မိစ္ဆာဆရာတွေနဲ့ မိစ္ဆာတွေ လေနဲ့အတူ လွင့်ပျံပြီး လေထဲမှာ စုရုံး၍ တောင်ဘက်နယ်စပ်ဆီသို့ ဦးတည်သွားကြသည်။
ကျီယွင်ဟယ် သူတို့ကို ပြတင်းပေါက်ကနေ ဖြတ်ကြည့်နေစဉ် လင်းဟောက်ချင်းက ကြိတ်ရယ်နေခဲ့သည်၊ “စိတ်ပူနေတာလား? ဒီရိုက်ချက်ကို ဆွန်းသဲက မိုင်ပေါင်း၁၀၀အကွာကနေ လုပ်လိုက်တာ”
သူမ ပို၍တောင်မှုန်ကုပ်သွားခဲ့သည်။ “သူမက မိုင်၁၀၀အကွာမှာပဲ ရှိနေသေးတာလား?”
“သူမက စစ်ယွီကနေ ငါ့ကိုမြင်နိုင်သလို ငါကလည်း သူမကို ပြန်မြင်နိုင်တာ သဘာဝပဲ” လင်းဟောက်ချင်း ဖြေဆိုလိုက်သည်။ “ဒါပေမဲ့ အခုငါတို့စကားပြောနေကြတဲ့အချိန်လေးအတွင်းမှာပဲ သူမက မိုင်ဒါဇင်အနည်းငယ် နီးကပ်လာပြီ ဖြစ်လောက်တယ်၊ လေပြေကိုထိန်းချုပ်တဲ့အတတ်ပညာက သစ်သားမှော်အစွမ်းကို လေ့ကျင့်ထားတဲ့သူတွေအတွက် အများကြီးအားကောင်းစေတယ်”
ကျီယွင်ဟယ် အိမ်ထဲမှာပြန့်ကြဲသွားတဲ့ပစ္စည်းတွေကို တစ်ချက်မျှကြည့်ပြီးနောက် သူမ၏အကြည့်က ချန်ယီအပေါ် ရောက်ရှိသွားသည်။ “ဆွန်းသဲရဲ့အစွမ်းက ကျွန်မတို့ထင်ထားတာတွေထက်တောင် ပိုပြီးမှန်းဆမရတော့ဘူး၊ ကျွန်မ နယ်စပ်ဆီသွားပြီး နယ်နိမိတ်စည်းကိုကာကွယ်မယ်၊ သူမ ချိုးဖောက်ခဲ့ရင် ကျွန်မ သူမကို မိုးကြိုးမီးဂူဆီ မျှားခေါ်သွားမယ်၊ ကျွန်မကိုကူပြီး ချန်ယီ နိုးလာတဲ့အချိန်ထိ ကာကွယ်ထားပေးပါ”
သူမ ထွက်သွားဖို့လှည့်လိုက်တဲ့အချိန်မှာ လင်းဟောက်ချင်း ပြောလာခဲ့သည်။
“မင်းရဲ့အသက်နဲ့ အလောင်းအစားမလုပ်နဲ့တော့”
ဒါက မိသားစုဝင်ချင်း ပြောကြတဲ့တစ်စုံတစ်ရာနဲ့ တူလှ၏။
ကျီယွင်ဟယ် ပြုံးမိသွား၏။ “ကောင်းပြီ”ဟု သူမ ပြန်ဖြေလိုက်သည်။
အနက်ရောင်အမြီး၉ချောင်း ထွက်ပေါ်လာပြီး သူမ အပြင်သို့ထွက်ကာ ကောင်းကင်ယံမှာဝဲပျံရင်း တောင်ပိုင်းဆီဦးတည်နေတဲ့လူအုပ်ကြီးထဲ တိုးဝင်လိုက်သည်။
လင်းဟောက်ချင်း ချန်ယီရှိရာအိပ်ရာဘေးသို့ လျှောက်သွားခဲ့သည်။ ကျောင်းရန်က မျက်လုံးတွေ မှိတ်နေဆဲဖြစ်တာတောင်မှ သူ့ရဲ့လက်ချောင်းလေးတွေဟာ စတင်တုန်ခါလာခဲ့သည်။
လင်းဟောက်ချင်း သူ့ကိုအားပေးလိုက်သည်၊ “သူမ အဆင်ပြေသွားမှာပါ”
တုန်ခါနေတဲ့လက်ချောင်းထိပ်လေးတွေဟာ ငြိမ်သက်သွားတော့သည်။
…
ကျီယွင်ဟယ် နယ်စပ်ကိုရောက်သွားတဲ့အချိန်မှာ မျက်စိတစ်ဆုံးမြင်နိုင်သမျှ ကြောက်မက်ဖွယ်ကောင်းတဲ့ အစိမ်းရောင်အလင်းတန်းကိုထုတ်လွှင့်နေတဲ့ဧရာမရုပ်သေးရုပ်စစ်တပ်ကြီးကို တွေ့လိုက်ရသည်။ ဒုက္ခသည်တွေအားလုံးလည်း ပျောက်ကွယ်သွားကြပြီ။
ရုပ်သေးရုပ်စစ်သည်တွေပေါ်က မျက်နှာအမူအယာဟာ အခေါင်းပေါက်ဖြစ်ပြီး မှိုင်းတိုက်ထားသလိုဖြစ်၏၊ သူတို့တစ်ဦးတစ်ယောက်ချင်းစီ၏နဖူးကို အစိမ်းရောင်ချည်ကြိုးတစ်ချောင်းနဲ့ ဆက်သွယ်ထားပြီး အလှမ်းဝေးဝေးတောင်ပိုင်းက နေရာတစ်ခုဆီသို့ ဦးတည်နေလေသည်။ ဘုရင်မကြီး၏အမိန့်ကြောင့် ရှေ့သို့ချီတက်လာကြတဲ့ ခံစားချက်မဲ့ပုရွက်ဆိတ်တွေအတိုင်းပဲဖြစ်သည်။
သူတို့တွေ နယ်နိမိတ်စည်းမီးလျှံကို ထိလိုက်တာနဲ့တပြိုင်နက် ပြာကျသွားကြပြီး ပြာမှုန်တွေနဲ့ ညှော်နံ့တွေ လေထုထဲပြည့်နှက်သွားတော့သည်။
ကျီယွင်ဟယ် မြို့ရိုးထိပ်မှာ မတ်မတ်ရပ်ပြီး အလှမ်းဝေးဝေးဆီ မျှော်ကြည့်လိုက်တယ်။ အနီရောင်တောက်တောက်ကို ဆင်မြန်းထားတဲ့လူတစ်ယောက်ဟာ လူပေါင်းဒါဇင်သယ်ဆောင်လာတဲ့ ဧရာမဝေါယာဉ်ကြီးပေါ်မှာ ခြေဗလာနဲ့ထိုင်မြန်းနေလေသည်။
ဒါက ကျီယွင်ဟယ့်အား မင်းသမီးဆွန်းသဲ မိစ္ဆာတောင်ကြားကိုရောက်လာတဲ့ပထမဆုံးအကြိမ်အကြောင်း ရုတ်ချည်း အမှတ်ရသွားစေခဲ့သည်။
Read more at
https://t.me/mynovellink/6
.
YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
FantasyThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...