အပိုင်း (၃၁) ဖခင်ကိုသတ်ခြင်း

526 57 0
                                    

အပိုင်း (၃၁) ဖခင်ကိုသတ်ခြင်း

"ဟွန်း ကလေးအထာတွေ"

လင်းချန်းလန်၏လှောင်ပြောင်သရော်မှုက အခန်းအတွင်းကတိတ်ဆိတ်မှုကို ဖြိုခွင်းသွား၏။ "ငါလူအိုကြီး မင်းအရွယ်တုန်းကတောင် တစ်ခါမှ တွန့်မဆုတ်ဖူးဘူး၊ ဒါပေမဲ့ အချိန်က လူကိုမစောင့်ဘူး..." သူ ပြောဆိုပြီးနောက် ချောင်းတွေအဆက်မပြတ်ဆိုးလာခဲ့တယ်။ ဖယောင်းတိုင်မီးရောင်လေးဟာ သူ့ရဲ့အသံနှင့်အတူ မှိတ်မှိတ်တုတ်တုတ်လင်းလက်နေပြီး ကျီယွင်ဟယ်၏မျက်ခုံးတစ်စုံဟာ တောင့်တင်းလို့သွား၏။ တစ်ခုခုဖြစ်တော့မယ်။

ချင်းဆူး၏ဘယ်ဖက်လက်ဟာ ရုတ်တရက် လှုပ်ရှားသွားပြီး သေးငယ်တဲ့အရာဝတ္ထုလေးတစ်ခုက လင်းဟောက်ချင်း၏ဓါးရှည်ကို လာရိုက်ခတ်၏။

ဓါးဟာ ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး လင်းဟောက်ချင်း၏လက်ကနေ ပြုတ်ကျသွားသည်။ လင်းချန်းလန်၏ဘီးတပ်ကုလားထိုင်က ထိုအခွင့်ရေးကို အရယူပြီး လင်းဟောက်ချင်း၏လက်ကနေ လျင်လျင်မြန်မြန် လိမ့်ထွက်သွား၏။

ခန်းဆီးလိုက်ကာပေါ်မှာ ချင်းဆူး၏အရိပ်လေးက မိုးကြိုးသွားကဲ့သို့ လျင်မြန်နေခဲ့သည်။

ကျီယွင်ဟယ် တွေးနေဖို့အချိန်မရှိခဲ့ဘူး။ သူမ နာကျင်မှုကို အားတင်းဖိနှိပ်ပြီး လိုက်ကာနောက်ကနေ ထိုးထွက်လိုက်တယ်၊ ကျယ်လောင်တဲ့ရိုက်ခတ်သံကြီးတစ်ခုနှင့်အတူ သူမရဲ့လက်ထဲကဓါးဟာ ချင်းဆူး၏ဓါးနှင့် ဆုံစည်းသွားတော့သည်။

ဓါးသွားနှစ်ခုထိတွေ့ခြင်းမှ ထွက်ပေါ်လာတဲ့စွမ်းအင်ဟာ စက်ဝိုင်းခြမ်းသဏ္ဍာန်ထွက်ပေါ်လာပြီး ပြုပြင်နေဆဲဖြစ်သည့် ဘေးပတ်ဝန်းကျင်ကနံရံတွေ၊ ထုပ်တန်းတွေပေါ် ဖြတ်သွားခဲ့သည်။ အိမ်တော်ဟာ တကျွတ်ကျွတ်ကျိုးကျတဲ့ အဆက်မပြတ်အသံတွေထွက်ပေါ်လာရင်း အဆောက်အဦးတစ်ခုလုံးဟာ တိမ်းစောင်းသွားတဲ့ပုံပဲ။ အပြင်ဘက်ကခေါင်မိုးအုတ်ကြွပ်တွေပါ မိုးရေစက်တွေအလား မြေပြင်ပေါ်သို့ စတင်ကျဆင်းလာခဲ့သည်။

ကျီယွင်ဟယ် လင်းဟောက်ချင်းရှေ့မှာရပ်ပြီး သူ့ကိုကာကွယ်ပေးရင်း မြေခွေးမိစ္ဆာအစေခံကို စူးစိုက်ကြည့်လိုက်တယ်။

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now