အပိုင်း (၅) ရွှယ်ရှင်ကျွင်း

812 100 0
                                    

အပိုင်း (၅) ရွှယ်ရှင်ကျွင်း

သာယာလှပတဲ့နေ့လေးတစ်နေ့ဖြစ်တော့သည်။ ညင်သာတဲ့လေပြေလေးတွေ၊ ထွန်းတောက်နေတဲ့ နေမင်းကြီးတို့နဲ့ နွေဦး၏ပြီးပြည့်စုံသောနေ့ရက်လေးတစ်ရက်ဖြစ်သည်။

ပြတင်းပေါက်မှ ထိုးဖောက်ဝင်ရောက်လာတဲ့နေရောင်ခြည်လေးဟာ စားပွဲခုံရှေ့မှာတင် တန့်လို့သွား၏၊ သို့သော် လေကာခန်းဆီးကိုကျော်ပြီးတိုက်ခတ်လာတဲ့ လေပြေနွေးလေးကတော့ အိပ်ရာခန်းဆီးထဲထိ ဝင်ရောက်တိုက်ခတ်လို့လာတယ်။ အိပ်ရာအတွင်းမှာ လဲလျောင်းနေတဲ့အမျိုးသမီး၏နားရွက်နားက ဆံနွယ်တွေဟာ ဖွာလန်ကြဲလို့သွား၏။

လေပြေလေးနှင့်အတူ တံခါးခေါက်သံနှင့် ရွှီးရှောင်ရှင်း၏အော်ဟစ်ခေါ်သံပါ ဝင်ရောက်လာတော့သည်၊ "ကြီးကြပ်ရေးမှုး! ဆရာယွင်ဟယ်! အန်တီကြီး! အခုဘယ်ချိန်ရှိနေပြီလဲ သိရဲ့လား? အိပ်နေတုန်းပဲလား!"

တံခါးခေါက်သံဟာ အဆက်မပြတ်ထွက်ပေါ်လာခဲ့တယ်။ အရမ်းကိုနားညီးလွန်းတာနဲ့ နောက်ဆုံးတော့...

ချောက်...ကျီယွင်ဟယ် မျက်မှောင်ကြုတ်ရင်း တံခါးကိုတွန်းဖွင့်လိုက်တယ်။ ရှုပ်ပွနေတဲ့ဆံနွယ်တွေ၊ ဖရိုဖရဲဖြစ်နေတဲ့အဝတ်အစားတွေနဲ့ လေသံကလည်း လုံးဝကိုတစိမ်းဆန်လွန်းလှ၏၊ "ဘာကိစ္စလဲ?!"

သူမရဲ့ရန်လိုတဲ့အပြောကြောင့် ချွီးရှောင်ရှင်း ကြောက်လန့်သွားပြီး နောက်သို့ခြေတစ်လှမ်း ဆုတ်လေသည်။

"ကျွန်တော်...ကျွန်တော် ဆရာ့ကိုလာမနှောင့်ယှက်ချင်ပါဘူး ဆရာ့ရဲ့နိုးထလာမှုက လူတွေကို သေလောက်အောင် ခြောက်လန့်စေမှန်းလည်း သိပါတယ်..."

ကျီယွင်ဟယ်ဟာ နောက်ကျမှအိပ်ကာ နေမြင့်မှထလေ့ရှိပြီး လာနှိုးလျှင်ဒေါသတကြီးဖြစ်တတ်တဲ့ အကြောင်းဟာ ဒီတောင်ကြားမှာရှိတဲ့သူတိုင်း သိနေကြတဲ့အခြေခံဗဟုသုတပဲဖြစ်သည်။

ချွီးရှောင်ရှင်း တိုးတိုးလေးရေရွတ်လေ၏၊ "ကျွန်တော်က ဆရာ့အတွက် စိတ်ပူလို့ပါ! ဒီပြိုင်ပွဲက ဘယ်လောက်အရေးကြီးလဲဆိုတာ လူတိုင်းကသိကြတယ် တောင်ကြားသခင်လေးတောင် ဒီမနက်စောစောပဲ သူ့လူတွေနဲ့ မြေအောက်အကျဉ်းထောင်ဆီ သွားနှင့်ပြီ ဒါပေမဲ့ ဆရာကတော့... ဒီမှာ နေမွန်းတည့်တဲ့အထိ အိပ်လို့နေတုန်း...ဆရာ့ကိုလည်း ဘယ်သူမှလာမနှိုးရဲကြဘူး ဒါကြောင့် ကျွန်တော် လာ..." (ကာလနဂါးမလေးပဲ ငါ့အတိုင်း🤣🤣🤣)

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now