အပိုင်း (၃၀) အဆိပ်
ကျီယွင်ဟယ် မတ်တပ်ရပ်ဖို့ ရုန်းကန်ကြိုးစားနေရသည်။
သူမ ကျောက်တုံးစားပွဲပေါ်က လက်ဖက်ရည်အိုးလေးကို တိုက်ချမိသွားတော့ ရေနွေးပူပူလေးတွေ မြေပြင်အနှံ့ ပြန့်ကြဲသွား၏။
ကွဲအက်သံက မြေအောက်အကျဉ်းထောင်အတွင်းမှာရှိတဲ့ ငြိမ်သက်အေးချမ်းမှုကို ဖြိုခွင်းသွားသည်။
ချန်ယီ သူမကို စိတ်ပူစွာကြည့်လာ၏။ “မင်း နေလို့မကောင်းဘူးလား?” သူ မတ်တပ်ထရပ်ပြီး သူမကိုကူညီဖို့ လှမ်းလာခဲ့သည်။
သို့သော် ကျီယွင်ဟယ် သူ့ရဲ့လက်ကို တွန်းထုတ်လိုက်တယ်။ ယခုချိန်မှာ သူမ၏သွေးကြောတွေ ဘယ်လောက်တောင်ရှုပ်ထွေးနေလဲဆိုတာ သူ့ကို မသိစေချင်ခဲ့ဘူး။
သူမ ခေါင်းခါပြပြီး ပြောမိ၏၊ “ကျွန်မ ပြန်နှင့်မယ်၊ စိတ်မပူပါနဲ့” ထို့နောက် သူမ လှောင်အိမ်တံခါးကိုဖွင့်ပြီး ဒယိမ်းဒယိုင် ထွက်သွားလိုက်သည်။
ကျီယွင်ဟယ် မြေအောက်အကျဉ်းထောင်မှထွက်လာတုန်း မူးဝေသလိုခံစားလိုက်ရသည်။ သူမ မော့ကြည့်လိုက်တော့ ညနေခင်းနေမင်းကြီးဟာ ကောင်းကင်ယံမှာ လောင်မြိုက်နေတဲ့မီးတောက်ကဲ့သို့ဖြစ်ပြီး နေဝင်စပြုနေပြီ။
သူမ လမ်းတလျှောက် ဒယိမ်းဒယိုင်လျှောက်သွားလိုက်တယ်။ တစ်နေ့တာကုန်ဆုံးသွားတော့ လူအများစု အိမ်ပြန်ချိန်ဖြစ်ပြီး သူမ သတိမပြုလိုက်ဘဲ ထွက်သွားမိ၏။
ကျီယွင်ဟယ် အိမ်ပြန်ရောက်ပြီးနောက် စားပွဲပေါ်ရော အိပ်ရာပေါ်မှာပါ လိုက်ရှာပေမဲ့ ဖြေဆေးကိုတော့ ရှာမတွေ့ခဲ့ဘူး။
သူမ နာကျင်မှုကို သည်းခံထားရဦးမယ်။
သို့သော် အချိန်နှင့်အမျှ သူမ၏နှလုံးသားထိပ်က နာကျင်မှုဟာ ပို၍ပို၍သည်းမခံနိုင်အောင် ဖြစ်လာတော့သည်။ ပုရွက်ဆိတ်ပေါင်းသန်းချီ သူမ၏အရေပြားကို လာကိုက်ပြီး သွေးကြောတွေထဲထိ တွားသွားဆင်းသွားကာ အတွင်းအင်္ဂါတွေထဲထိ ဆုတ်ဖြဲဝင်ရောက်သွားသလိုမျိုးဖြစ်သည်။
ကျီယွင်ဟယ် နာကျင်မှုကြောင့် ဒူးထောက်ထိုင်လျက်သားဖြစ်သွား၏။

YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
FantasíaThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...