အပိုင်း (၇၃) ရှင့်ဘက်မှာ
ဒီလိုအချိန်မျိုးမှာ ကျီယွင်ဟယ့်ကို အပြင်လွှတ်ပေးဖို့ ချန်ယီ သဘောမတူနိုင်ဘူး။
“ဒါဆို ကျွန်မကို စာလာပို့တဲ့ဆက်သားနဲ့ တွေ့ခွင့်ပေး”
လော့ကျင်းစန်းတစ်ယောက် ကျီယွင်ဟယ်၏ကျန်းမာရေးအပေါ် စိုးရိမ်ပူပန်လာ၏။ “ဒါပေမဲ့ အဲ့ဒါက အရမ်းနောက်ကျ…”
“ငါတို့ နောက်ကျလို့မရဘူး” ကျီယွင်ဟယ် ရှင်းရှင်းလင်းလင်းမပြောပေမဲ့ သူမရဲ့ရည်ရွယ်ချက်က သိသာလှ၏။ သူမရော ထိုအကောင်ကြီးအတွက်ပါ… အချိန်က အရမ်းကိုတန်ဖိုးရှိလွန်း၏။
ချန်ယီ နောက်ဆုံးတော့ သဘောတူလိုက်ရသည်။ “သူ့ကို အထဲခေါ်ခဲ့”
ဆက်သားကို ခန်းဆီးလိုက်ကာအနောက်မှာတွေ့ဆုံတာက အရမ်းကိုမသင့်တော်တာမို့ လဝက်ပိုင်းအတွင်း ပထမဆုံးအကြိမ်အဖြစ် ကျီယွင်ဟယ့်ကို ခန်းဆီးလိုက်ကာရှေ့ထွက်ဖို့ ခွင့်ပြုလိုက်ရသည်။
ချန်ယီကတော့ စားပွဲနောက်မှာထိုင်ပြီး ကျီယွင်ဟယ်က သူ့ရဲ့ဘယ်ဘက်မှာထိုင်ကာ ခုန်းမင်နဲ့ လော့ကျင်းစန်းတို့က သူမရဲ့နောက်မှာ မတ်တပ်ရပ်နေကြသည်။
ခဏလေးအတွင်းမှာပဲ အခန်းအတွင်းသို့ ကျက်သရေရှိလှသောအမျိုးသမီးတစ်ဦး ဖြည်းညှင်းစွာ ဝင်ရောက်လာခဲ့သည်။ သူမ ပထမဆုံး ချန်ယီကိုဂါရဝပြုပြီးနောက် ကျီယွင်ဟယ့်ဆီလှည့်ကာ ဂါရဝပြုလေသည်။ “ကြီးကြပ်ရေးမှုး၊ ကျွန်မ ရှင့်အကြောင်း အများကြီးကြားဖူးပါတယ်”
ထိုအမျိုးသမီးမှာ မိစ္ဆာအငွေ့အသက်တွေ ဖုံးလွှမ်းနေတာမို့ သူမက လူသားတစ်ယောက်မဟုတ်ဘူး။ မိစ္ဆာတောင်ကြားမှာတုန်းက ကျီယွင်ဟယ် သူမကို တစ်ခါမှ မတွေ့ဖူးဘူး၊ သို့သော် သူမကို ဆက်သားအဖြစ် ဒီနေရာဆီစေလွှတ်လိုက်တာဆိုတော့ လင်းဟောက်ချင်းက သူမကို အတော်ယုံကြည်လို့ပဲဖြစ်ရမယ်။
“မင်းက ငါ့ကိုသိတာလား?” ကျီယွင်ဟယ် မေးမြန်းလိုက်တော့သည်။
“တောင်ကြားသခင်ကြီးက ကြီးကြပ်ရေးမှုးအကြောင်း မကြာခဏပြောပြလေ့့ရှိတယ်၊ သူက ကျွန်မကြည့်ဖို့ ပုံတူပန်းချီကားချပ်တောင် ဆွဲပေးခဲ့သေးတယ်”
YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
ФэнтезиThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...
