အပိုင်း (၉၁) မဆုပ်ကိုင်နိုင်ခဲ့ဘူး
မြောက်ပိုင်းကပြည်သူတွေဟာ အံ့မခန်းစွမ်းဆောင်ရည်ရှိကြတယ်။ သူတို့က သေရေးရှင်ရေးအခြေအနေတွေနဲ့ သူစိမ်းသက်သက်မဟုတ်တာကြောင့် ဖြစ်လောက်တယ်၊ ဒါကြောင့် ဘေးဒုက္ခပေါ်လာတဲ့အချိန်မှာ သူတို့ရဲ့ပင်ကိုယ်အသိစိတ်က ချက်ချင်း ထကြွလာတော့သည်။ ခုန်းမင်လည်း အစီအစဉ်တွေ ချမှတ်ပြီးပြီဖြစ်တာမို့ လူတွေကို စတင်ကယ်ထုတ်တော့သည်။ နေထိုင်သူတစ်ဝက်က မြောက်ပိုင်းဆီ ထွက်ခွာကြပြီး ကျန်တစ်ဝက်က တောင်ပိုင်းဆီဦးတည်ကြသည်၊ ဒါကြောင့် တစ်ဖက်ဖက်မှာ ကိစ္စတွေ အဆင်မပြေဖြစ်သွားရင်တောင်မှ သူတို့ရဲ့လူတွေအားလုံး ရှင်းလင်းခံရမှာမဟုတ်တော့ဘူး။
အားကျီ၏ရှေ့မှာ ရေမှော်အစွမ်းသိတဲ့လူအယောက်၁၀၀ လျင်မြန်စွာ စုဝေးလာခဲ့သည်။
“မိတ်ဆွေတို့၊ လက်ရှိမှာ သတ္ထုချော်ရည်တွေက တောင်တန်းကြီးတွေကြားမှာ ပိတ်မိနေတာ၊ သင်တို့ရဲ့အရှင်သခင်က ပေါက်ကွဲထွက်မှုတွေ မြို့ထဲစီးမဝင်လာအောင် နှင်းနံရံကြီးတစ်ခု တည်ဆောက်ထားတယ်၊ သင်တို့က သူ့လောက်စွမ်းအားမကြီးကြဘူး၊ ဒါကြောင့် သတိဝီရိယနဲ့ လုပ်ဆောင်ပြီး၊ အရဲစွန့်ဝင်ရောက်ခြင်းမလုပ်ကြပါနဲ့၊ ကျွန်မတို့ရဲ့ရည်ရွယ်ချက်က အရှင့်ရဲ့ကြိုးစားအားထုတ်မှုတွေကို အစားထိုးဖို့မဟုတ်ဘဲ မြို့ကိုကာကွယ်ရာမှာ အရှင့်ကိုထောက်ပံ့ကူညီဖို့ပါ”
“ဟုတ်ကဲ့!”
ဆက်ပြီးနှောင့်နှေးခြင်းမပြုတော့ဘဲ အားကျီ ခြေဖဝါးအောက်ကလေပြေလေးကိုဆင့်ခေါ်ပြီး အပြေးနှင်လိုက်တယ်။ လူအယောက်၁၀၀ကလည်း အနီးကပ်လိုက်ပါလာခဲ့တယ်။
နှင်းနံရံကြီးရှေ့က အထီးကျန်အရိပ်လေးဟာ သူ့ရဲ့နားထဲဝင်ရောက်လာတဲ့လေပြေမှလွဲပြီး တစ်ခြားဘာတစ်ခုကိုမှ မကြားနိုင်ခဲ့ဘူး။
စဉ်ဆက်မပြတ်ပေါက်ကွဲထွက်နေတဲ့သတ္ထုချော်ရည်တွေကို နှင်းနံရံကြီးတစ်ခုနဲ့ ခုခံထိန်းသိမ်းထားရင်း ချန်ယီတစ်ယောက် တစ်စက်လေးတောင် အနားမယူနိုင်ခဲ့ဘူး။ သူ့ရဲ့မိစ္ဆာစွမ်းအားတွေအကုန်လုံးကို နံရံဆီပို့လွှတ်ပြီး လောင်မြိုက်နေတဲ့အပူဒဏ်နဲ့ စိတ်ဖိစီးမှုကြီးကို သည်းခံနေရသည်။
YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
FantasyThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...
