အပိုင်း (၈၇) စမ်းသပ်ချက်

566 58 0
                                        

အပိုင်း (၈၇) စမ်းသပ်ချက်

၃ဦးစလုံး နောက်သို့ပြန်လှည့်မကြည့်ရဲဘဲ တည်းခိုခန်းကနေ လွတ်မြောက်လာခဲ့ကြသည်။ အားကျီနဲ့ ကျီနင်တို့ကတော့ မြို့တော်၏မြောက်ပိုင်းကစွန့်ပစ်ခံဘုံကျောင်းတစ်ခုမှာ နေထိုင်ခဲ့တော့သည်။

ယခုချိန်မှာ မြောက်ပိုင်းဟာ ကျောင်းရန်ပထမဆုံးရောက်ရှိလာတဲ့အချိန်တုန်းကနဲ့ လုံးဝကိုကွာခြားလို့နေပြီ။ တော်ဝင်နန်းတော်ကြီးတစ်ခုကဲ့သို့ အလယ်မှာ မိစ္ဆာပွဲကြည့်စင်ကြီးထင်းထင်းနဲ့အတူ လူနေထူထပ်တဲ့နေရာတစ်ခု ဖြစ်လာခဲ့သည်။

မြွေမိစ္ဆာက ဒီနေရာမှာ အကြာဆုံးနေခဲ့တဲ့သူဆိုတော့ သူ့မှာ အိမ်တော်တစ်ခုရှိနေတာ ပုံမှန်ပဲဖြစ်သည်။ လုကျင်းယန်မှာလည်း သူ့ကိုဝမ်းမြောက်ဝမ်းသာကြိုဆိုကြမယ့် မိစ္ဆာဆရာအပေါင်းအဖော်တွေအများကြီး ရှိတယ်။ ၄ဦးထဲမှာ အားကျီနဲ့ ကျီနင်တို့ကတော့ လုံးဝကိုတစ်ကိုယ်တည်းလူတွေပဲဖြစ်တော့သည်။

ကျောင်းရန်တစ်ယောက် သူမတို့ကိုလွယ်လွယ်ကူကူ ရှာတွေ့သွားမှာကြောင့် သူမတို့ မြွေမိစ္ဆာနဲ့အတူ သွားမနေရဲခဲ့ဘူး။ မိစ္ဆာဆရာတွေက မိစ္ဆာတွေနဲ့ ဆရာတော်ကြီးအိမ်တော်ကတပည့်တပန်းတွေကို အရမ်းမျက်မုန်းကျိုးလွန်းတာမို့ သူမတို့ လုကျင်းယန်နဲ့လည်း အတူတူပြန်လိုက်မသွားနိုင်ဘူး။ သူမတို့ရဲ့တစ်ခုတည်းသောရွေးချယ်စရာကတော့ ဟောင်းနွမ်းပျက်စီးနေတဲ့ ဒီဘုံကျောင်းပဲဖြစ်သည်။

နောက်နေ့မနက်ခင်းမှာတော့ လုကျင်းယန် သူမတို့အတွက် မနက်စာယူလာပေး၏။ အားကျီစားရင်း ပြောဆိုလိုက်သည်၊ “ကျွန်တော်တို့ ဖြစ်နိုင်သမျှအမြန်ဆုံး တောင်ပိုင်းဆီသွားတော့မယ်၊ ကျွန်တော် ဒီကျောင်းရန်ကို နားမလည်တော့ဘူး” သူမ ခွဲခြမ်းစိတ်ဖြာပြလိုက်သည်။ “ကျွန်တော်တို့ အခုချိန် ထွက်မသွားဘူးဆိုရင် နောက်ဘယ်တော့မှထွက်သွားလို့ရနိုင်မှာ မဟုတ်လောက်ဘူး”

ကျောင်းရန်တစ်ယောက် သူမရဲ့အတိတ်နဲ့ပတ်သက်ပြီး ဘယ်လိုခံစားရတယ်မှန်း အားကျီမသိခဲ့ပေမဲ့ သူက အရမ်းကိုလွှမ်းမိုးနေတာ သိသာလှ၏။ အကယ်၍များ သူမနဲ့ သူသိတဲ့တစ်ယောက်ကြားက အသေးငယ်ဆုံး ဆက်စပ်မှုလေးကို သူတွေ့သွားခဲ့ရင်တောင်မှ သူမကို သေချာပေါက် လွှတ်ပေးမှာမဟုတ်တော့ဘူး။

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now