အပိုင်း (၉၄) အေးခဲနေတဲ့ပင်လယ်
အေးခဲနေတဲ့ပင်လယ်က မြောက်ပိုင်း၏အရှေ့တောင်ဘက်တွင်သာ တည်ရှိခဲ့သည်။ လော့ကျင်းစန်းနဲ့ ချွီးရှောင်ရှင်းတို့အဖော်ပြုလျက် ချန်ယီနဲ့ ကျီယွင်ဟယ်တို့ အချိန်တိုအတွင်း ကမ်းခြေသို့ ရောက်ရှိလာခဲ့ကြသည်။
ချန်ယီ သူမကို မြောက်ပိုင်းဆီခေါ်လာတည်းက ချွီးရှောင်ရှင်း ကျီယွင်ဟယ့်ကို တွေ့ချင်နေခဲ့တာ၊ သို့သော် အခုချိန်ထိ သူမကိုတွေ့ဖို့ အခွင့်ရေးတစ်ခါမှမရခဲ့ဘူး။
သူက လော့ကျင်းစန်းလောက် အတင့်မရဲသလို၊ ချင်းကျီကဲ့သို့တစ်စုံတစ်ယောက်၏ထောက်ပံ့မှုမျိုးလည်း မရှိခဲ့ဘူး၊ ဒါကြောင့် သူ တိတ်တိတ်လေးစောင့်စားနေခဲ့တာ။ မိစ္ဆာဆရာစစ်တပ်ကြီးကို မြောက်ပိုင်းနဲ့ပူးပေါင်းဖို့ သူမ သိမ်းသွင်းစည်းရုံးခဲ့တယ်ဆိုတဲ့သတင်းထွက်လာတဲ့အချိန်မှာ သူ အရမ်းကိုစိတ်လှုပ်ရှားသွားခဲ့တယ်။ သို့သော်...
မထင်မှတ်ဘဲ သူမ သေဆုံးသွားခဲ့သည်...
ထို့နောက် သူမကို ရေကန်ကြမ်းပြင်မှာ ချိတ်ပိတ်ထားခဲ့သည်။
ချွီးရှောင်ရှင်းတစ်ယောက် လော့ကျင်းစန်းရဲ့ခြေရာကိုနင်းပြီး ကျွန်းငယ်ပေါ်ကခြံဝင်းထဲသို့ အရှက်အကြောက်မရှိ ဇွတ်အတင်းမဝင်ရောက်မိတဲ့အတွက် နောင်တရခဲ့သည်။
သို့သော် ကံကြမ္မာက အံ့အားသင့်မှုကိုပေးစွမ်းဖို့ ဘယ်တော့မှမရပ်တန့်ခဲ့ဘူး။ သူ ကျီယွင်ဟယ့်ကို နောက်တစ်ခေါက် လုံးဝမတွေ့နိုင်တော့ဘူးလို့တွေးမိလိုက်တဲ့အချိန်လေးမှာပဲ သဘာဝဘေးအန္တရာယ်ကြီး ဖြစ်ပေါ်လာပြီး ကျောင်းရန်ကို အမြီး၉ချောင်းမြေခွေးမိစ္ဆာနဲ့အတူ တွေ့လိုက်ရသည်။ သူ မြို့တော်ကို ကယ်တင်ခဲ့တယ်၊ နောက်ပြီး သူမက သူ့ကိုကယ်ခဲ့တယ်။
ချွီးရှောင်ရှင်း လော့ကျင်းစန်းကို ချက်ချင်းသွားရှာပြီး သူတို့နှစ်ဦး အချိန်မီစုံစမ်းနိုင်ခဲ့ကြသည်။ နောက်ဆုံးတော့ သူ ကျီယွင်ဟယ့်ကို နောက်တစ်ခေါက်တွေ့ခွင့်ရပြီ။
ယခုချိန်မှာ သူမ သတိလစ်မေ့မြောနေတာကလွဲလို့ပေါ့။
"ဒီမှာ သူမကိုသေချာဂရုစိုက်၊ ငါ လင်ဇီးသွားယူဖို့ ပင်လယ်ထဲဆင်းလိုက်ဦးမယ်"
YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
ФэнтезиThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...
