အပိုင်း (၆၂) လုံလောက်ပါပြီ

558 62 0
                                    

အပိုင်း (၆၂) လုံလောက်ပါပြီ

ကျီယွင်ဟယ်တစ်ယောက် ရေကန်အလယ်ကခြံဝင်းဆီ ပြန်လည်ခေါ်ဆောင်သွားခံရသည်။

နောက်တစ်ခေါက်၊ ပိတ်လှောင်ခံရပြန်၏။ ဒီအကြိမ်မှာတော့ ချိတ်ပိတ်စည်းက သူမရဲ့လက်တွေတောင်မှ အပြင်ထုတ်ခွင့်မပြုတော့ဘူး။

သူမက ကိစ္စတွေကို ပိုပြီးဆိုးသွားအောင် လုပ်မိခဲ့တာသေချာပေါက်ပဲ။

သို့သော် ကျီယွင်ဟယ် နောင်တမရခဲ့ဘူး။

သူမ ပြတင်းပေါက်အပြင်ဘက်ကိုခုန်ဆင်းလိုက်တဲ့အခိုက်အတန့်၊ အေးခဲနေတဲ့ရေကန်ပေါ် ရူးရူးမူးမူးပြေးလွှားခဲ့တဲ့ခံစားချက်နဲ့၊ မောမောပန်းပန်းနဲ့ ရေခဲပြင်ပေါ်မှာလှဲချပြီး ကြည်လင်နေတဲ့ညဉ့်ကောင်းကင်ယံကိုမော့ကြည့်လိုက်တဲ့အချိန်လေးတွေကိုပဲ အမြဲသတိရနေခဲ့တယ်။ ထိုအရာတွေအားလုံးက အရမ်းကိုလှပလွန်း၏။

သူတို့တွေက သူမကို လွတ်လပ်တဲ့ခံစားချက်တစ်ခုပေးစွမ်းနေ၏။

ထိုညလေးကုန်ဆုံးသွားပြီးတဲ့နောက် ခြုံငုံပြောရမယ်ဆိုရင် ကျီယွင်ဟယ်ရဲ့နောင်တတွေ လျော့ပါးသွားသလို ခံစားလိုက်ရသည်။ တစ်နေ့သေသွားမယ်ဆိုရင်တောင်မှ ပြဿနာကြီးမဟုတ်တော့ဘူး။ အမှန်တကယ်တော့၊ သေဖို့ကိုတောင် သူမက မျှော်လင့်နေခဲ့တာ။ (မလုပ်လိုက်ရတဲ့အရာတွေမရှိတော့ဘူးဆိုပြီးကျေနပ်နေတာ)

သူမရဲ့နားရွက်ပေါ်မှာ ချန်ယီချန်ခဲ့တဲ့အမှတ်လေးကို သူမ ရက်ပေါင်းများစွာကြာအောင် ကြည့်ရှုလေ့လာခဲ့ပေမဲ့ ထိုအမှတ်ရဲ့ရည်ရွယ်ချက်ကို သဘောမပေါက်နိုင်ခဲ့ဘူး၊ ဒါကြောင့် သူမ လက်လျှော့လိုက်တော့သည်။

မိစ္ဆာတစ်ချို့က သူတို့ရဲ့ပိုင်ဆိုင်မှု(ပိုင်နက်)အဖြစ် အမှတ်သင်္ကေတချန်ထားလေ့ရှိကြောင်း သူမ ကြားသိဖူးတယ်၊ ဒါကြောင့် သူမရဲ့နားရွက်ပေါ်ကဒီအရာက အခုချိန်မှာ သူမက သူ့ရဲ့အပိုင်ဖြစ်ကြောင်း သတ်မှတ်ချက်သာဖြစ်လောက်တယ်။

အားလုံးက ဒီလိုသတ်မှတ်ကြလိမ့်မယ်ဆိုပေမဲ့၊ ကျီယွင်ဟယ်ကတော့ လက်မခံခဲ့ဘူး။

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now