အပိုင်း (၉၉) ရှင့်နောက် လိုက်မှာ

640 50 3
                                        

အပိုင်း (၉၉) ရှင့်နောက် လိုက်မှာ

လော့ကျင်းစန်းနဲ့ ချွီးရှောင်ရှင်းတို့ ကမ်းစပ်ကပဲ စိုးရိမ်ပူပန်စွာစောင့်စားနေကြတယ်။

သူမ ပင်လယ်ထဲသို့ ကြိမ်ဖန်များစွာခုန်ချလုနီးပါးဖြစ်ခဲ့ပေမဲ့ ချွီးရှောင်ရှင်းက တားဆီးခဲ့သည်။ “အောက်မှာ ဘာတွေဖြစ်နေမှန်း ငါတို့မသိသေးဘူး၊ အလျင်စလိုအရမ်းမလုပ်နဲ့!”

“ဒါဆို ငါတို့ဘာလုပ်ကြရမှာလဲ? တစ်နေကုန်တောင်ရှိပြီ!”

သူမရဲ့မေးခွန်းကို တုန့်ပြန်တဲ့သဘောမျိုး အောက်ဘက်ကရေခဲတမျှအေးစက်တဲ့ရေတွေဟာ ရုတ်ချည်း အပေါ်သို့လွှင့်တက်လာပြီး သူမတို့ နောက်ပြန်လှည့်ဖို့ အချိန်မရသေးခင် တစ်ကိုယ်လုံးစိုရွှဲသွားတော့သည်။

မြေပြင်ပေါ်မှာ တဖျတ်ဖျတ်ခတ်နေတဲ့ငါးတစ်ချို့နဲ့အတူ ချန်ယီတစ်ယောက် ကမ်းစပ်သို့ခုန်ပျံလာခဲ့သည်။

သူမတို့နှစ်ယောက်လုံး သူ့ကို ခဏမျှ စူးစိုက်ကြည့်ပြီးနောက် လော့ကျင်းစန်း ဒေါသထွက်သွားတော့သည်။ “ယွင်ဟယ်ဘယ်မှာလဲ?! ရှင် ဘာလို့ငါးကြီးကိုယူလာတာလဲ? သူမ ဘယ်မှာလဲ?”

ချွီးရှောင်ရှင်းတစ်ယောက် အထိတ်တလန့်နှင့် ခုန်ပျံနေတဲ့ငါးကို လှမ်းကြည့်လိုက်တယ်။ “ဒါက ယွင်… ယွင်ဟယ် မဟုတ်ဘူးမလား?”

လော့ကျင်းစန်း ထိတ်လန့်သွား၏၊ “ဘာ?!”

ချန်ယီ ဆံနွယ်ကရေတွေကိုညှစ်ပြီး ပြောလိုက်တယ်၊ “ကင်လိုက်”

“ကင်ရမှာလား?! ဘာ?!” သူမတို့နှစ်ယောက်လုံး ပြိုင်တူအော်လိုက်ကြသည်။

ချန်ယီ နောက်ဆုံးတော့ သူမတို့ကို တစ်ချက်ကြည့်လာခဲ့တယ်။ “ငါးကိုကင်လိုက်၊ သူမကိုစားဖို့ ငါ အောက်ကိုယူသွားပေးမယ်”

သူမတို့တွေ အနည်းငယ်စိတ်သက်သာရာရသွားကြတယ်။ ချွီးရှောင်ရှင်း ရှေ့သို့ထွက်သွားပြီး ငါးကိုဖမ်းယူနေစဉ် လော့ကျင်းစန်း ဆက်လက်မေးမြန်းလိုက်သည်။ “ယွင်ဟယ်က ဘာလို့ရှင်နဲ့အတူ လိုက်မလာတာလဲ?”

“ကုသနေတုန်းလေ”

“ဘယ်လောက်ကြာမှာလဲ?”

“၃ရက်”

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now